သတင်းတို
မြန်မာ့ရိုးရာ မြင်းစီး အတတ်ပညာ ၁၇ မျိုး ဆီးဂိမ်းတွင် ပြမည်
This article has been converted from Zawgyi One to Unicode
၂၇ ကြိမ်မြောက် ဆီးဂိမ်း မြင်းပြိုင်ပွဲ ဖွင့်ပွဲတွင် မြန်မာ့ရိုးရာ မြင်းစီးအတတ်ပညာ ၁၇ မျိုး ပြသသွားမည် ဖြစ်ကြောင်း သိရသည်။ ယင်း မြင်းရေးများမှာ မတ်တတ်ရပ် ၃ မျိုး၊ ကန့်လန့်ဖြတ်စီး ၂ မျိုး၊ ခုန်ဆင်း ခုန်တက် ၃ မျိုး၊ မြင်းဝပ်စီး၊ ကင်းမြီးကောက်ထောင် စီးနည်း၊ တင်ပျဉ်ခွေ စီးနည်း ၃ မျိုး၊ ဘီးလူးပန်း စီးနည်း၊ မျောက်မြေစမ်း စီးနည်း၊ မြင့်မိုရ်တောင် နဂါးပတ် စီးနည်း၊ နောက်ပြန် စီးနည်း တို့အပြင် ဓားရေး လှံရေး ပြသခြင်းများလည်း ပါဝင်မည် ဖြစ်ကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။