လိုင်ဇာနှင့် မြစ်ကြီးနား ဆွေးနွေးပွဲများတွင် ခိုင်မာသည့် သဘောတူညီချက် မရရှိခဲ့သော်လည်း တနိုင်ငံလုံး ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ယုံကြည်မှု တည်ဆောက်သည့် အနေဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် နိုဝင်ဘာ လ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့ထိ တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ၂၀၁၄ ခုနှစ်အတွင်း အပစ်အခတ် ရပ်စဲရေး ကိစ္စများ ပြီးစီးအောင် လုပ်ဆောင်ပြီး အားလုံးပါဝင်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း၊ လာမည့် ဒီဇင်ဘာလတွင် ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ဆက်လက် ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရှိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။