ငြိမ်းချမ်းရေး လမ်းလျှောက်သူများ စီရင်ချက်ချရန် ရုံးချိန်း ထပ်ရွှေ့
This article has been converted from Zawgyi One to Unicode
ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ငြိမ်းချမ်း လှုပ်ရှားသူ မမေစပယ်ဖြူနှင့် ကိုဂျော်ဂွန်းတို့ကို ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုမှုအတွက် စမ်းချောင်းမြို့နယ် တရားသူကြီးက လာမည့် နိုဝင်ဘာ ၂၆ ရက်သို့ ပြန်လည်ချိန်းဆိုလိုက်ကြောင်း ၎င်းတို့၏ ရှေ့နေ ဦးအောင်မျိုးဦးက ပြောသည်။ မမေစပယ်ဖြူနှင့် ကိုကျော်ဂွန်းတို့ကို တခြားမြို့နယ် ၄ ခုတွင်လည်း ကိုမိုးသွေးဃ်၊ ကိုကျော်ကျော်ဗို၊ မဖွေးယုမွန်၊ မခင်စန္ဒာညွန့်၊ ကိုဝေဠုတို့နှင့်အတူ ငြိမ်းချမ်းရေး လမ်းလျှောက်မှုဖြင့် ပုဒ်မ ၁၈ နှင့် တရားရင်ဆိုင်နေရကြောင်းလည်း သိရသည်။ ယမန်နှစ် စက်တင်ဘာလ ၂၁ ရက်နေ့ ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲတွင် ဒဂုံစင်တာရှေ့၌ လူစုနေစဉ် ရဲများက တားဆီးခဲ့ကြောင်း၊ ယင်းတားဆီးမှုကြောင့် လူစုလူဝေးဖြစ်ပေါ်လာပြီး တရားမဝင် လူစုလူဝေးမှုဖြင့် တရားစွဲခံရကြောင်း၊ တနှစ်အတွင်း ရုံးချိန်းပေါင်း ၁၃၀ ခန့် သွားခဲ့ရကြောင်း သိရသည်။