ရန်ကုန်မြို့တွင်း မီနီဘတ်စ်ကား လိုင်းသစ်များ တိုးချဲ့ပြေးဆွဲရန် အလုံ-တော်ဝင်ပလာဇာ လမ်းကြောင်းအတွက် ၁ စီး၊ တိုက်ကြီး-သီရိမင်္ဂလာဈေး ၅ စီး၊ မြင်သာ-ထော်လီကွေ့ ၄ စီး ခွင့်ပြုထားကြောင်း ယနေ့ထုတ်မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။ ပြေးဆွဲခွင့် တင်ပြထားသည့် လမ်းကြောင်းများမှာ လှိုင်သာယာ-စံပြဈေး၊ အနောက်ပိုင်း တက္ကသိုလ်-သိရီမင်္ဂလာဈေး၊ ဗဟို အမျိုးသမီးဆေးရုံ-ဆူးလေ ဘုရားလမ်း၊ ရွှေပေါက္ကံ-သခင်မြ ပန်းခြံ နှင့် ရွှေပြည်သာ-လသာ လမ်းကြောင်းတို့ ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။