• English
Monday, May 12, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဆီးဂိမ်း နိုင်ငံတကာ အားကစားသမားများ အတွက် ဝန်ဆောင်မှု ၁၈ မျိုး ပေးမည်

by မေခ
21 November 2013
in သတင်း
A A
ဆီးဂိမ်း, နေပြည်တော်, အားကစား ပြိုင်ပွဲ, နိုင်ငံတကာ အားကစားသမား

နေပြည်တော်ရှိ ဆီးဂိမ်း အတွက် ဆောက်လုပ်ထားသော ဝဏ္ဏသိဒိ္ဓ မိုးလုံလေလုံ အားကစားရုံကို သြဂုတ်လ အတွင်းကတွေ့ မြင်ရစဉ် (ဂျေပိုင် / ဧရာဝတီ)

2.7k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတွင် ကျင်းပမည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းတွင် နိုင်ငံတကာ အားကစား သမားများ အတွက် ဝန်ဆောင်မှု ၁၈ မျိုးကို ၂၄ နာရီ ဆောင်ရွက်ပေး သွားရန် စီစဉ်ထားကြောင်း သိရသည်။

“နိုင်ငံစုံကနေ လာတဲ့ချိန်မှာ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ အခက်အခဲမဖြစ်အောင် ဘာသာစုံ ဝတ်ပြုနိုင်အောင် စီစဉ်ထားပါတယ်။ အစ္စလမ်ပဲ ဖြစ်ဖြစ်၊ ဟိန္ဒူပဲ ဖြစ်ဖြစ်၊ ဘယ် ဘာသာဝင်မဆို ဆုတောင်းဝတ်ပြုနိုင်အောင် စီစဉ်ပေးထားပါတယ်။ ဘာသာကြီး ၄မျိုး ဝတ်ပြုနိုင်အောင် လုပ်ပေးထားတယ်”ဟု နေပြည်တော် အားကစားရွာ အုပ်ချုပ်ရေးမှူး အားကစားနှင့်ပညာရေး ပေါင်းစပ် လေ့ကျင့် ရေးအဖွဲ့မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးရဲမြင့်ထွန်း က ပြောသည်။

RelatedPosts

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

12 May 2025
564
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

12 May 2025
1.9k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
458

ပေးအပ်သွားမည့် ဝန်ဆောင်မှုများတွင် အားကစားနှင့်သက်ဆိုင်သော ဝန်ဆောင်မှု၊ ကျန်းမာရေး၊ သွားလာရေး ဆိုင်ရာ၊ ကိုးကွယ် ယုံကြည်မှုဆိုင်ရာ၊ ငွေကြေးဆိုင်ရာ၊ ဘာသာစကားဆိုင်ရာ၊ လုံခြုံရေး ဆိုင်ရာ၊ စားသောက်ရေး ဆိုင်ရာ၊ ဈေးဝယ်ယူမှု ဆိုင်ရာ၊ ဆက်သွယ်ရေး ဆိုင်ရာ၊ နိုင်ငံတကာ သံတမန်ဆိုင်ရာ၊ ဖျော်ဖြေရေးဆိုင်ရာ၊ သတင်းအချက်အလက် ဆိုင်ရာ၊ နေထိုင်ရေး ဆိုင်ရာ၊ စွမ်းအင်၊ ဆိုက်ရောက် ထွက်ခွာရေး ဆိုင်ရာ နှင့် အထွေထွေ ဝန်ဆောင်မှုတို့ ဖြစ်ကြောင်း သိရသည်။

သွားလာရေးဆိုင်ရာ ဝန်ဆောင်မှုများအတွက် ပို့ဆောင်ရေး ဝန်ကြီးဌာန က အားကစားရွာမှ အားကစားပြိုင်ကွင်းများသို့ သွားလာ နိုင်ရန် ခေတ်မီကားသစ်ကြီးများဖြင့် သွားလာရေးအတွက် စီစဉ်ထားကြောင်း၊ ရွှေတောင် ကုမ္ပဏီမှလည်း တာဝန်ယူကာ အားက စား ရွာအတွင်း လှည့်လည်နိုင်ရေးအတွက် နိုင်ငံအလိုက် ယာဉ်များပေးထားခြင်းနှင့် ဘတ်စ်ကားများကိုလည်း ၁၅ မိနစ်တကြိမ် ပြေးဆွဲခြင်း တို့ကိုလည်း ဆောင်ရွက်ပေးထားကြောင်း ဦးရဲမြင့်ထွန်းက ပြောပြသည်။

“နောက် ဒီထဲမှာ ဈေးဝယ်စင်တာရှိတယ်၊ ငွေလဲမယ်ဆိုလည်း အလွယ်တကူလဲနိုင်အောင် ဘဏ်တွေ စီစဉ်ထားတယ်။ ဘဏ်ပိုင်း ကဆို ကမ္ဘောဇ ဘဏ်တို့က ကူညီပေးတာ ရှိတယ်။ ငွေလွှဲတာလည်း ရတယ်။ ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုကိုလည်း အင်တာနက်၊ ဖုန်းခေါ်ဆိုမှု အပိုင်းတွေလည်း ၂၄ နာရီ ဝန်ဆောင်မှု ပေးထားပါတယ်”ဟုလည်း ၎င်းက ပြောသည်။

နေပြည်တော် အားကစားရွာတွင် ကစားသမား နိုင်ငံခြားသားဦးရေ ၂၄၀၀ ခန့်နှင့် နိုင်ငံအလိုက် ကစားသမား ဆိုင်ရာ ကြီးကြပ်ရေး မှူးများ၊ မြန်မာ ကစားသမားများကိုပါ နိုင်ငံအလိုက်၊ ဇုန်အလိုက်၊ သတ်မှတ်ကာ တည်းခိုနိုင်ရန် စီစဉ်ထားကြောင်း၊ စားသောက်ရေး အပိုင်းတွင်လည်း လူမျိုးစုံ ဘာသာစုံ စားသောက် ချက်ပြုတ်နိုင်ရေး အတွက်လည်း စီစဉ်ထားကြောင်း သိရသည်။

“တချို့နိုင်ငံတွေက ကိုယ်ပိုင်ဆေးမှူး၊ စားဖိုမှူးတွေလည်း ပါမယ်လို့ပြောတယ်။ အဲဒီလို ပါတဲ့သူတွေအတွက်လည်း ချက်ပြုတ်စား သောက်နိုင်အောင် စီစဉ်ပေးထားပါတယ်။ ထားတာက နိုင်ငံအလိုက် တနေရာ စုထားမှာဆိုတော့ နိုင်ငံအလိုက် အတွက် နေထိုင် စားသောက်လို့ ရအောင် စီစဉ်ထားပါတယ်”ဟု ဦးရဲမြင့်ထွန်းက ဆက်လက် ပြောကြားသည်။

နေထိုင်ရေးအတွက် ကွန်ဒိုကဲ့သို့ တိုက်အလုံး ၆၀ တွင် အခန်းတခန်းလျှင် ရေချိုးခန်း၊ အိမ်သာ နှစ်လုံးဆီဖြင့် လူ ၆ ယောက် တ ခန်းဆီ နေရာချထားမှာ ဖြစ်ကြောင်း၊ ထမင်းစားဆောင် အပါအဝင် အခန်းတိုင်း၌လည်း လုံခြုံရေးဆိုင်ရာ ကိရိယာများကို တပ်ဆင် ပေးထားကြောင်း သိရသည်။

“ဒီမှာ နေရေး ထိုင်ရေး စားသောက်ရေး အတွက် နိုင်ငံတော်က သီးခြားအကုန်အကျ ခံထားတာပါ။ ကျန်တာတွေကတော့ Alpine ဆို ရေသန့် ကူညီတယ်။ ရွှေတောင် ဆို ကားကူညီတယ်။ အဲဒီလို ကူညီတာတွေတော့ ရှိပါတယ်”ဟု ဦးရဲမြင့်ထွန်းက ပြောသည်။

ဖျော်ဖြေရေးပိုင်းအရ နိုင်ငံပိုင်းအလိုက် ကိုယ်တိုင်တီးမှုတ် သီဆိုနိုင်ရန်အတွက်လည်း စီစဉ်ထားပြီး ဇာတ်စင် တည်ဆောက် ထား သည်ဟု ဆိုသည်။

အားကစားသမားများကို နေပြည်တော် အားကစားရွာအပြင် နေပြည်တော်ရှိ ဟိုတယ်များတွင်ပါ ထားရှိသွားရန် စီစဉ်ထားကြောင်း၊ ပြင်ပဟိုတယ် ၂၆ ခုရှိ အခန်းပေါင်း ၁၄၀၀ ကျော်တွင် ပြိုင်ပွဲဝင် ကစားသမား ၁၂၀၀ ကျော်၊ ပြည်တွင်း ပြည်ပ မီဒီယာ ၈၀၀ ကျော်၊ အခြား ဧည့်သည်များနှင့် ပြိုင်ပွဲ ဒိုင်လူကြီးများ ၇၀၀ ကျော် စုစုပေါင်း လူဦးရေ ၂၀၀၀ ကျော်ကို ထားရှိသွားရန်အတွက်လည်း စီစဉ် ထားကြောင်း သိရသည်။

နေပြည်တော် အားကစားရွာကို လာမည့် နိုဝင်ဘာ ၂၅ ရက်တွင် ဖွင့်လှစ်သွားမည် ဖြစ်ပြီး ဆီးဂိမ်း ပြိုင်ပွဲများကို ဒီဇင်ဘာ ၁၁ ရက်မှ၂၂ ရက်အထိ ကျင်းပမည် ဖြစ်သည်။

Your Thoughts …
Tags: SEA Game
မေခ

မေခ

ဧရာဝတီ

Similar Picks:

ဘောလီဘော နှစ်သင်းကို လေ့လာခြင်း

ဘောလီဘော နှစ်သင်းကို လေ့လာခြင်း

by ခင်မောင်ထွေး (ပျဉ်းမနား)
28 July 2013
5.8k

အားကစားတွင် အဆင့်ရှိသည်။ ၀ါနုသေးသော၊ သက်တမ်း ငယ်ရွယ်သေးလျှင် အဆင့်မြင့် ပြိုင်ပွဲကြီးများတွင် ၀င်မပြိုင်သင့်ပါ။ ပထမဆုံး တွေ့ကြုံရမည့် အတွေ့အကြုံမှာ ရှုံးနိမ့်ခြင်း အတွေ့အကြုံသာလျှင် ဖြစ်သည်။ အားကစား သမားများ သိမ်ငယ် စိတ်များ ၀င်သွားနိုင်သည်။

ဆီးဂိမ်း, SEAP Games, နေပြည်တော်, ပြေးခုန်ပစ်, တင်မောင်နီ, နန္ဒကျော်စွာ, အမျိုးသမီး ဘောလုံး အသင်း, အမျိုးသား ဘောလုံး အသင်း

ထူးချွန်အားကစား သမားများ ရွေးထုတ်ပေးမည့် အမျိုးသား အားကစားပွဲတော်

by ခင်မောင်ထွေး (ပျဉ်းမနား)
26 December 2014
2.6k

စင်ကာပူ ဆီးဂိမ်းအကြို လူရွေးပွဲ အဖြစ် ကျင်းပသည့် အားကစား ပြိုင်ပွဲ ဖြစ်ပါသဖြင့် ထူးချွန်ထင်ရှား သည့် အားကစား မောင်မယ်များ ထွက်ပေါ် လာခဲ့လျှင် အမျိုးသား အားကစား ပွဲတော်ကြီး ကျင်းပရကျိုး နပ်ပေလိမ့်မည်။

မြန်မာ့ ပြေးခုန်ပစ် ဆီးဂိမ်းမှာ ဟန်ပါ့မလား

မြန်မာ့ ပြေးခုန်ပစ် ဆီးဂိမ်းမှာ ဟန်ပါ့မလား

by ခင်မောင်ထွေး (ပျဉ်းမနား)
24 August 2013
8.6k

၁၉၆၉ ခုနှစ် ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် ၅ ကြိမ်မြောက် အရှေ့တောင် အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ် အားကစားနည်းမှာ အအောင်မြင်ဆုံးပင် ဖြစ်သည်။ ရွှေတံဆိပ် ၂၀၊ ငွေတံဆိပ် ၁၃ ဆုနှင့် ကြေးတံဆိပ်...

အမျိုးသမီး, အားကစား, အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ

မြန်မာ အားကစားမှာ အမျိုးသမီးများက ပို ရှေ့တန်းရောက်

by မေစစ်ပိုင်
21 December 2013
13.9k

ပြေးခုန်ပစ်၊ ရေကူး၊ လက်ဝှေ့ စတာတွေမှာဆိုလည်း အမျိုးသမီးတွေက ရှေ့တန်းရောက်နေပြီ၊ အဓိက ကတော့ အမျိုးသမီး အားကစား သမားတွေက ဆေးလိပ်၊ အရက် စတာတွေ ကင်းအောင်နေကြတာများတော့ သူတို့က ပိုပြီး သာသွားတဲ့ အချက်လည်း ဖြစ်နိုင်တယ်။

ရိုးရာ အားကစားဖြင့် ကမ္ဘာကို မလွှမ်းနိုင်

ရိုးရာ အားကစားဖြင့် ကမ္ဘာကို မလွှမ်းနိုင်

by ခင်မောင်ထွေး (ပျဉ်းမနား)
10 May 2013
13.3k

ရိုးရာ အမည်ခံ အားကစားနည်းများမှ တဆင့် ရွှေတံဆိပ်များ ဆွတ်ခူးနေခြင်းမှာ မည်သည့်နည်းနှင့်မှ ကမ္ဘာ့အဆင့် မရောက်နိုင်ပါ။ ရိုးရာ အမည်ခံ အားကစားနည်းများမှ ရွှေတံဆိပ်များ ပြိုင်နေကြခြင်းမှာ နွားခြေရာခွက်ထဲမှ ဖားသူငယ်များ အဖြစ်သာ ရှိနေကြမည်

ပွဲကြည့်စင်ပေါ်ရှိ ပရိသတ် တချို့က ကွင်းထဲသို့ ခုံများဖြင့် ပစ်ပေါက်နေစဉ် (ဓာတ်ပုံ – YUFC)

သိက္ခာမဲ့သည့် ဝဏ္ဏသိဒ္ဓိ အားကစား ပြိုင်ဝင်း အရေးအခင်း

by ခင်မောင်ထွေး (ပျဉ်းမနား)
9 August 2013
7.8k

“Fair Play, Respect” ထားကာ အားကစားကို အားကစားစိတ်ဖြင့် ယှဉ်ပြိုင်ကစားကြလျှင် နေပြည်တော် ၀ဏ္ဏသိဒ္ဓိ အားကစားပြိုင်ဝင်းမှာ ဖြစ်ပွားခဲ့သည့် နှစ်မြို့စရာ မကောင်းသော၊ လက်ခံနိုင်စရာ မရှိသော၊ မကြားဝံ့မနာသာ ရှိသော၊ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အဖြစ်မျိုး လုံးဝ...

Next Post
မြန်မာဝတ်စုံ, ဖက်ရှင်, မော်ဒယ်, သွင်စုထွေး, ဥမ္မာကျော်, မော်ဒယ်ငြိမ်းဆုသာ

မြန်မာဖက်ရှင် ခေတ်စားနေဆဲ

သစ်တော လစ်လပ်မြေများကို ပြန်လည် ထူထောင်ခြင်း မရှိသေး

သစ်တော လစ်လပ်မြေများကို ပြန်လည် ထူထောင်ခြင်း မရှိသေး

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

5 days ago
5.4k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

2 days ago
5.2k

Most Read

  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • အငြင်းပွားဖွယ် စီးပွားရေးသမားကို NUG က အမေရိကန် အထူးသံတမန်ခန့်

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate