Culture

မြန်မာဖက်ရှင် ခေတ်စားနေဆဲ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဖက်ရှင်ရေစီးကြောင်းပေါ်မှာ ဖက်ရှင်နဲ့ပတ်သက်ပြီး အခုလတ်တလောမှာ ခေတ်စားနေတဲ့ ဖက်ရှင်တွေနဲ့ ပတ်သက်ပြီး ဒီဇိုင်နာ သွင်စုထွေး၊ ဒီဇိုင်နာ ဥမ္မာကျော်နဲ့ မော်ဒယ် ငြိမ်းဆုသာ(Star & Model Int’l Agency) တို့ကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

ဒီဇိုင်နာ သွင်စုထွေးက အခုလတ်တလော ခေတ်စားနေတဲ့ဖက်ရှင်ပုံစံများအကြောင်း ဧရာဝတီကို ခုလိုပြောပါတယ်။

“အခု လတ်တလောက ပွဲရာသီဆိုတော့ ကျမပွဲတက်ဝတ်စုံတွေ ဖန်တီးဖြစ်နေပါတယ်။ အခုခေတ်စားနေတာက ဇာတွေ ခေတ်စားနေတာဆိုတော့ ဇာနဲ့ပတ်သက်တဲ့ ဖက်ရှင်တွေ ပိုဖန်တီးဖြစ်တယ်။ အမှန်အတိုင်းဟြေရရင်ကျမရဲ့ taste ချည်းပဲတော့မဟုတ်ပါဘူး။ ဇာခေတ်ဖြစ်နေတော့ ဇာတွေပိုလုပ်ပေးဖြစ်တာပါ။ ကျမဆီလာတဲ့ customer တွေက အငယ်ပိုင်းတွေများတော့ အစ်မကြိုက်တာလုပ်၊ ကြိုက်သလိုဖန်တီးပါဆိုပြီးဟြေကြပါတယ်” လို့ဆိုပါတယ်။

အခုနောက်ပိုင်းမှာ မြန်မာဝတ်စုံတွေ ပိုခေတ်စားလာပြီး ပိုဝတ်လာတာနဲ့ပတ်သက်ပြီးတော့လည်း သူ့အမြင်ကိုပြောရာမှာ..

“အခုနောက်ပိုင်းမှာ မြန်မာဝတ်စုံတွေ ပိုခေတ်စားလာတယ်၊ ပိုဝတ်လာကြတယ်။ မြန်မာဝတ်စုံတွေကို ဒီဇိုင်းထွင်ပြီး ချည်နဲ့ပဲဖြစ်ဖြစ်၊ ပွဲတက်ဝတ်စုံပဲဖြစ်ဖြစ် မြန်မာအကျီတွေ တော်တော်ဝတ်လာတာ တွေ့ရတယ်။ မြန်မာဝတ်စုံဝတ်တာ ကိုယ့်တိုင်းပြည ်ကိုယ့်လူမျိုးတခုပဲ ရှိတာလေ။ အဲ့ဒီအတွက် ကိုယ်ကိုယ်တိုင်ပဲ creation လုပ်ပြီး ဒီဇိုင်းထွင်တယ်။ မြန်မာဝတ်စုံကို ဒီဇိုင်းထွင်ရတာ တခြားဝတ်စုံတွေ ဖန်တီးရတာနဲ့မတူလို့ စိတ်ကြိုက်ဖန်တီးလို့ရတဲ့အတွက် ကိုယ်တိုင်လည်း သဘောကျတယ်။ မြန်မာဝတ်စုံဝတ်တယ်ဆိုကတည်း တက်မယ့်ပွဲက လူကြီးတွေပါတဲ့ ပွဲတွေဖြစ်တဲ့အတွက် ယဉ်ကျေးမှုကို ထိန်းရတာမျိုးရှိတယ်။ မြန်မာဝတ်စုံကို အမြတ်တနိုးဝတ်လာတာက မြန်မာဝတ်စုံဝတ်လိုက်ရင် ဘယ်သူမဆို အဆင့်အတန်းရှိရှိ ယဉ်ကျေးတယ်လို့ထင်ကြတယ်လေ။ အခုခေတ်ကလည်း မြန်မာဝတ်စုံတွေကို ထွင်ပြီးဝတ်လာကြတယ်။ အရင်တုန်းကတော့ ပုံတုံးတယ်။ အခုခေတ်ကတော့ မြန်မာဝတ်စုံလေး ဝတ်ပြီးအဆင့်အတန်းရှိရှိ သွားလာတဲ့ခေတ်ဖြစ်သွားပြီ။ အဲဒါကြောင့် မြန်မာဝတ်စုံ တခေတ်ဟြေင်းလဲသွားတယ်လို့ ထင်ပါတယ်” လို့ သူ့အမြင်ကို ဟြေပါတယ်၊၊

ခုလတ်တလော ဖက်ရှင်ရေစီးမှာ အရပ်သူတွေတင်မက၊ ထင်ပေါ်ကျော်ကြားသူတွေ အပါအဝင် မြန်မာမိန်းကလေးအတော်များများရဲ့ ကိုယ်ပေါ်မှာ မြန်မာဆန်ဆန်နဲ့ ရိုးရာဝတ်စုံလေးတွေ ဝတ်ဆင်လာကြတာ အတွေ့များလာရပါတယ်။ ဒီဇိုင်နာသွင်စုထွေးကလည်း သူ့ဆိုင်မှာ ဝတ်မှုန်ရွှေရည်၊ ချစ်သုဝေ၊ အေးမြတ်သူ၊ သီရိဆွေ၊ ဇမ်နူး စတဲ့ အနုပညာရှင်တော်တော်များများအတွက် ဝတ်စုံတွေကို ဖန်တီးပေးဖြစ်တယ်လို့ဟြေပါတယ်။

ဒီဇိုင်နာဥမ္မာကျော်ကတော့ အခုလတ်တလောမှာ ပွဲတွေများတဲ့အတွက် ပွဲတက်ဝတ်စုံတွေအနေနဲ့ မြန်မာဝတ်စုံတွေကို ဇာနဲ့စပ်ပြီးဖန်တီးတဲ့ ဝတ်စုံတွေနဲ့ ချိတ်တွေဝတ်ဆင်တာမျိုး၊ အသားပေါ်မှာ ချိတ်အဆင်ပြန်ထိုးတာမျိုးတွေကို ဖန်တီးဖြစ်နေတယ်လို့ ဆိုပါတယ်။ လတ်တလောမှာ မြန်မာမိန်းကလေး အတော်များများက မြန်မာဝတ်စုံကို အဝတ်များလာကြတဲ့အကြောင်းကိုလည်း ဒီဇိုင်နာ ဥမ္မာကျော်က ဧရာဝတီကို ခုလိုပြောပါတယ်။

“အခုခေတ်မှာ မြန်မာဝတ်စုံတွေ ဝတ်ကြတာကလည်း မြန်မာမိန်းကလေးတွေဖြစ်တော့ ပွဲတက်တာဖြစ်ဖြစ်၊ ကျောင်းတက်တာဖြစ်ဖြစ် သူတို့ဝတ်စုံလာအပ်ရင် သုံးစုံမှာ မြန်မာဝတ်စုံက နှစ်စုံပါတယ်၊ နောက်တစုံကတော့ short dress လိုမျိုးအပ်တာပါတယ်။

များသောအားဖြင့် မြန်မာဝတ်စုံကို ကလေးတွေက ပိုနှစ်သက်လာတာကို တွေ့ရပါတယ်။ မြန်မာဝတ်စုံဝတ်လိုက်ရင် ကျက်သရေလည်းရှိတယ်၊ လူငယ်တွေ ဒီလိုမြန်မာဝတ်စုံတွေ ပြန်ဝတ်လာတာကို ရှေးလူကြီးတွေလည်း ကြိုက်တယ်လေ။ ဒါကြောင့် အဝတ်များလာကြတာဖြစ်မယ်” လို့သူက သူ့အမြင်ကိုပြောပါတယ်။

လတ်တလောမှာ သရုပ်ဆောင်ဆုပန်ထွာအတွက် မြန်မာဝတ်စုံသုံးစုံကို သူ့စိတ်ကြိုက်ဖန်တီးပေးထားတယ်လို့လည်း သိရပြီး မြန်မာပွဲတက်ဝတ်စုံတစုံကို ငွေကျပ်သုံးသောင်းကနေစပြီး  customer တွေစိတ်ကြိုက် သုံးနိုင်သလောက်အထိ ဖန်တီးပေးနေတယ်လို့လည်း ဒီဇိုင်နာ ဥမ္မာကျော်ကဆိုပါတယ်။

မော်ဒယ်ငြိမ်းဆုသာကလည်း သူဟာ မြန်မာမိန်းကလေးတယောက်ဖြစ်တဲ့အတွက် မြန်မာဝတ်စုံတွေဝတ်ရတာကို ကြိုက်နှစ်သက်ပြီး မြန်မာဝတ်စုံဝတ်ရတာ စိတ်ကိုလုံခြုံစေတယ်လို့ သူ့ခံစားချက်ကို ဧရာဝတီကိုဟြေပါတယ်၊၊

“ညီမက မြန်မာမိန်းကလေးတယောက်ဖြစ်လို့ မြန်မာဝတ်စုံဝတ်ရတာက ိုကြိုက်ပါတယ်။ မြန်မာဝတ်စုံဝတ်ထားတဲ့အခါ စိတ်လုံခြုံတယ်လို့ ညီမခံစားရပါတယ်။ မြန်မာဝတ်စုံက မြန်မာနိုင်ငံမှာသာဝတ်ကြတာ။ သူများနိုင်ငံတွေမှာ မရှိဘူးလေ။ ရိုးရိုးရှင်းရှင်းနဲ့ ကျက်သရေလည်း ရှိတယ်၊ ဘယ်နေရာသွားသွား အဆင်ပြေလို့ မြန်မာဝတ်စုံဝတ်ရတာကို ကြိုက်ပါတယ်။ ကျန်တာတွေက အနုပညာအလုပ်တွေ လုပ်တဲ့အခါမှသာ နေရာနဲ့လိုက်ပြီးဝတ်ဖြစ်တာပါ။ မြန်မာဝတ်စုံဝတ်လိုက်ရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် အပြည့်အဝရှိတယ်လို့ ခံစားရပါတယ်။ တခါတလေ နိုင်ငံခြားသားတွေတောင် မြန်မာဝတ်စုံကို ကြိုက်နှစ်သက်လို့ ဝတ်ကြတာတွေ့ရတယ်။ သူတို့တောင်ဝတ်တယ်ဆိုရင် ညီမတို့မြန်မာလူမျိုးတွေက ကိုယ့်မြန်မာဝတ်စုံကို အလေးထားပြီး ဝတ်သင့်တယ်လို့ထင်ပါတယ်။ အခုမိန်းကလေးတော်တော် များများလည်း မြန်မာဝတ်စုံတွေ ဝတ်လာတာတွေ့ရပါတယ်” လို့ သူ့အမြင်ကိုဟြေပါတယ်။

မော်ဒယ်ငြိမ်းဆုသာက သူ့အနေနဲ့ မြန်မာဝတ်စုံဝတ်ဆင်သူတွေထဲမှာ အားကျမိသူကတော့ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ကြောင်း၊ အရမ်းရိုးသလို အရမ်းလည်းကျက်သရေရှိတဲ့ ဖက်ရှင်ဖြစ်ကြောင်းလည်း  ဆိုခဲ့ပါသေးတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading