မြန်မာတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မလေးရှား ရေတပ်ဦးစီးချုပ် Admiral Tan Sri Abdul Aziz Jaafar တို့ ယမန်နေ့က တွေ့ဆုံကြောင်းသိရသည်။ ယင်းသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ တပ်မတော် ၂ ရပ်ကြား ပိုမိုကျယ်ပြန့်စွာ ပူးပေါင်း ဆောင်ရွက်ရေး၊ Navy to Navy Talk မှတဆင့် ကြည်း၊ ရေ၊ လေ ကဏ္ဍပေါင်းစုံ ပူးပေါင်း ဆောင်ရွက်ရေးနှင့် သဘာ၀ ဘေးအန္တရာယ် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေးကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာ များတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။