ရန်ကုန်-ပုဂံ ပြေးဆွဲပေးနေသည့် အမှတ် ၆၁ အဆန်/ ၆၂ အစုန် အမြန်ရထားသည် နိုဝင်ဘာ ၂၄ ရက်နေ့မှ စ၍ ပခုက္ကူမြို့ အထိ ခရီးစဉ် အဖြစ် တိုးချဲ့ပြေးဆွဲမည် ဖြစ်ကြောင်း၊ ယင်း အမြန်ရထား သည် ရန်ကုန်ဘူတာမှ ညနေ ၄ နာရီတွင် စတင် ထွက်ခွာမည် ဖြစ်ပြီး အပြန်ခရီးစဉ်တွင် ပခုက္ကူဘူတာမှ ညနေ ၃ နာရီ မိနစ် ၂၀ တွင် စတင်ထွက်ခွာမည် ဖြစ်ကြောင်း၊ ရထားလက်မှတ်ဈေးနှုန်းများမှာ ရိုးရိုးတန်း လက်မှတ်ခ ၄၈၀၀ ကျပ်၊ ဒုတိယတန်း လက်မှတ်ခ ၆၄၀၀ ကျပ်၊ အထက်တန်း လက်မှတ်ခ ၁၂၇၀၀ ကျပ်၊ အထက်တန်းအိပ်စင် ၁၇၅၀၀ ကျပ်ဖြစ်ကြောင်း မြန်မာ့မီးရထား၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။