ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့ မုံးစီးဒေသတွင် နိုဝင်ဘာလ ၂၀ ရက်နေ့က မူးယစ်ဆေးဝါးထုတ်စခန်းတခုကို ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ပြီး လူ ၁၀ ဦးကိုလည်း ဖမ်းနိုင်ခဲ့ကြောင်း၊ ယင်းစခန်းမှ လက်နက်မျိုးစုံ ၂၂ လက်၊ ခဲယမ်း မျိုးစုံ ၈၉၇ တောင့်၊ လက်ပစ်ဗုံး ၁၃ လုံး၊ ဗုံးသီး ၂ လုံး၊ ကျည်အိမ် မျိုးစုံ ၁၉ ခု၊ ညကြည့် မှန်ပြောင်း ၁ ခု၊ အသံတိတ် ကိရိယာ ၁ ခု၊ စနိုက်ပါ မှန်ပြောင်း ၁ ခု နှင့် ဘိန်းဖြူ ၆ ဒသမ ၃ ကီလိုဂရမ်၊ ဘိန်းညို ၁၂ ဒသမ ၇ ကီလိုဂရမ်၊ ဘိန်းစိမ်း ၀ ဒသမ ၈ ကီလိုဂရမ်၊ ဘိန်းဆီခဲ ၃ ဒသမ ၁ ကီလိုဂရမ်၊ ဆေးပြား ရိုက်ရန် ဖော်စပ်ထားသည့် အညိုရောင် အမှန့် ၄ ဒသမ ၅ ကီလိုဂရမ်၊ စိတ်ကြွဆေးပြား ၇၂၀၀၊ မူးယစ်ဆေးဝါး စုစုပေါင်း တန်ဖိုး ၂၇၇ ဒသမ ၁ သန်းခန့် ဖမ်းဆီးရမိ ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။