သတင်းတို
စစ်ကိုင်းတမူးတွင် ပေါက်ကွဲမှု ၂ ခုဖြစ်ပွား
This article has been converted from Zawgyi One to Unicode
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် မြို့သစ် မြို့နယ်ခွဲ အောင်ဇေယျ ကျေးရွာနေ ဒေါ်ဝင်းတင် (၄၂-နှစ်) ၏ နေအိမ်နှင့် ဒေါ်ပု (၇၅-နှစ်) ၏ နေအိမ် ၂ လုံးတွင် နိုဝင်ဘာ ၂၁ ရက်နေ့ နံနက် ၁ နာရီ ၅ မိနစ်ခန့် တွင် ပေါက်ကွဲမှု များ ဖြစ်ပွားခဲ့ပြီး ယင်း ပေါက်ကွဲမှု များ ကြောင့် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း၊ ရဲတပ်ဖွဲ့၏ စိစစ်တွေ့ရှိချက် အရ တဖက် နိုင်ငံ ကူကီးသောင်းကျန်းသူများ အသုံးပြုလေ့ရှိသည့် လက်လုပ်မိုင်း ဖြစ်ကြောင်း အစိုးရ၏ တရားဝင်သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။