• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒေါ်အောင်ဆန်းစုကြည်ပုံပါ ၂၀၁၄ ပြက္ခဒိန်များ အရောင်းသွက်

by သီဟတိုး
22 November 2013
in သတင်း
A A
ပြက္ခဒိန်, ဈေးကွက်, ဒေါ်အောင်ဆန်းစုကြည်

ဗိုလ်ချုပ်အောင်ဆန်းဈေ းအနီး မီးပွိုင့်တွင် ပြက္ခဒိန်များ လက်ပွေ့ရောင်းချနေသည့် ပြက္ခဒိန်များ (ဓာတ်ပုံ - စိုင်းဇော် / ဧရာဝတီ)

4.3k
VIEWS
Share on FacebookShare on Twitter

ပြည်တွင်းဈေးကွက်တွင် လာမည့် ၂၀၁၄ ခုနှစ်အတွက် ပြက္ခဒိန်များ ရောင်းချလျက်ရှိရာ မော်ဒယ်နှင့် အနုပညာရှင်များ သရုပ်ဆောင် ရိုက်ကူးထားသော ပြက္ခဒိန်များထက် ဒေါ်အောင်ဆန်းစုကြည်ပုံပါသော ပြက္ခဒိန် များ ဝယ်ယူသူများပြား လျက် ရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ၂၀၁၄ ခုနှစ် ပြက္ခဒိန်များ အမြောက်အမြား ဈေးကွက်တွင်း ဝင်ရောက်လာချိန်  ဒေါ်အောင်ဆန်းစုကြည်ပုံပါ ပြက္ခဒိန်များက ရောင်းအား အကောင်းဆုံး အဖြစ် နေရာယူထားပြီး၊ အနုပညာရှင် မင်းသား၊ မင်းသမီးပုံပါ ပြက္ခဒိန်များမှာမူ  ဝယ်လိုအား ကျဆင်းမှုကြောင့် ဈေးကွက်တွင် ရောင်းချသူ လျော့ကျလျက်ရှိကြောင်း  ပြက္ခဒိန် ရောင်းချသူများထံမှ သိရှိရသည်။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
112
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
144
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
475

“ဒေါ်အောင်ဆန်းစုကြည် ပြက္ခဒိန်ကဒီနှစ် ရောင်းအားအကောင်းဆုံးပဲ။ အခုနောက်ပိုင်း ပြက္ခဒိန်ဝယ်သူတွေက မင်းသား မင်းသမီးပုံတွေ သိပ်မဝယ်ကြတော့ အဒေါ်တို့ဆိုင်မှာမတင်ဖြစ်တော့ဘူး။ ဒေါ်စုပါတဲ့ပုံတွေပဲ တင် တော့ တာ”ဟု ဗိုလ်ချုပ်လမ်းတွင်  ပြက္ခဒိန်ရောင်းချသည့် အသက် ၅၀ အရွယ် ဒေါ်ကြူကြူစိန်က ဧရာဝတီသို့ ပြောသည်။

လတ်တလော ပြက္ခဒိန်ဈေးကွက်တွင် ပြည်တွင်း ဝယ်လိုအားသာမက မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်များကပါ စိတ်ဝင်စား ဝယ်ယူမှုများရှိနေကြောင်း သိရှိရသည်။

“ဒေါ်စုပြက္ခဒိန် ဈေ းနှုန်းတွေ ကတော့ အစားစားပါပဲ။ ၃၀၀၀၊ ၃၅၀၀ ၊ ၄၀၀၀ အမျိုးမျိုး ရှိတယ်။ ဒီရက်ပိုင်းမှာတော့ ၃၅၀၀ တန် ပြက္ခဒိန်တွေ တော်တော်လေး ရောင်းရတယ်။ များသောအားဖြင့် တော့ လူကြီးပိုင်းတွေ လာဝယ်ကြတယ်။ နိုင်ငံခြားသား တွေလည်း စိတ်ဝင်တစားနဲ့ ဝယ်ကြတယ်” ဟုပြောသည်။

၂၀၁၀ ခုနှစ် နှစ်ကုန်ပိုင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် လွတ်မြောက် လာပြီးနောက်ပိုင်း ဒေါ်အောင်ဆန်း စုကြည်ပုံပါ ပိုစတာများ၊ တီရှပ်များ၊ ပြက္ခဒိန်များ ရောင်းဝယ်သည့်ဈေးကွက်တခုဖြစ်ပေါ်လာပြီး ပြည်သူများအကြား ဒေါ်အောင်ဆန်းစုကြည်နှင့် NLD တံဆိပ်ပါ အထိမ်းအမှတ် ပစ္စည်းများ ဝယ်ယူမှု များပြားလာကြောင်း၊ မူလက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးများတွင် ဒေါ်အောင်ဆန်းစုကြည်ပုံပါ အထိမ်းအမှတ် ပစ္စည်းများကို ပါတီ ရန်ပုံငွေအဖြစ် ရောင်းဝယ် ဖောက်ကားခဲ့ရာမှ  အစိုးရ၏ ဖြေလျှော့မှုများကြောင့်၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ မတိုင်မီနှင့် ရွေးကောက်ပွဲ လွန်ကာလ နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ပုံပါ တီရှပ်၊ ပိုစတာနှင့် အထိမ်းအမှတ် ပစ္စည်းများ ရောင်းချသည့် စီးပွားရေးဈေးကွက်မှာ အလွန်ကြီးမားခိုင်မာလာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။

“အရင်အစိုးရ လက်ထက်တုန်းကဆိုရင် ဒေါ်အောင်ဆန်းစုကြည်ပုံမပြောနဲ့။ သူ့နာမည်ကိုတောင် ကျယ်ကျယ် မပြောရဲဘူးလေ။ အခုမှ လွတ်လွတ်လပ်လပ် ရောင်းရဲဝယ်ရဲတာ။ အခုက အင်တာနက်ပေါ်လာပြီးတဲ့နောက်မှာ မင်းသား၊ မင်းသမီးပုံနဲ့ ပြက္ခဒိန်တွေက အရင် ကလောက် ခေတ်မစား တော့ဘူး။ သူ့ဟာနဲ့သူတော့ ရောင်းရပါတယ်။ အဓိကကတော့ နယ်ဘက်ပရိသတ်တွေ အဝယ်များတယ်။ ဒါပေမယ့် အခုချိန်မှာ ရောင်းရ အကောင်းဆုံးကတော့ ဒေါ်စုပုံ တွေပါပဲ” ” ဟု သိမ်ကြီးဈေးအနီး ပြက္ခဒိန်ရောင်းချသူတစ်ဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ပုံပါ ပြက္ခဒိန်ဝယ်ယူသူ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတဦးက “အန်တီစုပုံကို ဝယ်တာ ကတော့ နှစ်သက်လို့၊ သဘောကျလို့၊ ချစ်လို့၊ လေးစားလို့ အမှတ်တရအနေနဲ့ အခန်းမှာ ချိတ် ထားဖို့ဆိုပြီး ဝယ်တာပါ။ နိုင်ငံခြားသား တွေကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာက သိတဲ့ Icon တစ်ယောက် မို့လို့၊ Hero Lady တယောက် ဖြစ်တာ မို့လို့ စိတ်ဝင်စားပြီးဝယ်တာ’’ ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဒေါ်အောင်ဆန်းစုကြည်ပုံပါ ပြက္ခဒိန်နှင့် အထိမ်းအမှတ် ပစ္စည်းများကို ပါတီရန်ပုံငွေအတွက် ထုတ်ဝေရောင်းချမှုများရှိကြောင်း သိရှိရသည်။

Your Thoughts …
Tags: Economy
သီဟတိုး

သီဟတိုး

ဧရာဝတီ

Similar Picks:

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

by ဧရာဝတီ
23 July 2015
194.1k

ဦးအောင်သောင်း တန်ခိုးထွားစဉ်က ဆိုလျှင် ပရောဂျက်တခု ရရှိရေး အတွက် လာဘ်ငွေကို သူ့ကို သာမကသူ၏ ကိုယ်ရေး အရာရှိ နှစ်ဦးကိုပါ ပေးရသည်။ လာဘ်ပေး လာဘ်ယူ မလုပ်လိုဘဲ လမ်းရိုးလမ်းစဉ် အတိုင်း စီးပွားရေး အခွင့်အလမ်း...

ပန်းဆိုးတန်းခုံးကျော်, ရွှေဂုန်ရုံ, မြို့မရုံ, သမ္မာအာဇီ, တိမွေးကု တက္ကသိုလ်

အန်တီစန်း ပန်းဆိုးတန်းမှာ အလုပ်လုပ်သည်

by မြတ်စုမွန်
22 September 2014
26.2k

၁၀ မိနစ် လောက်သာ ကြာမြင့်သည့် ခြေစွယ်ဖော်ခြင်း အလုပ်မှ လုပ်အားခ ၇ ထောင်ကျော် ရလိုက်သည်။ ဓား အသစ်ကို သုံးရန် တောင်းဆိုသဖြင့် ဓားတချောင်း ရောင်းရသည့်ငွေနှင့် ခြေစွယ် ဖော်ပေးသည့် ဝန်ဆောင်ခ နှစ်ခု...

War on Economy

War on Economy

by ဘီရုမာ
17 June 2024
186

ကာတွန်း

UNICEF,ရန်ကုန် ရုံးခန်းငှားခ,ဗိုလ်ချုပ် ညွန်တင်,ဗိုလ်ချုပ်မှူးကြီး သန်းရွှေ,အမေရိကန် ဒေါ်လာ ၈၇၀၀၀

UNICEF ရန်ကုန် ရုံးခန်းငှားခ တလ ဒေါ်လာ ၉၀၀၀၀ နီးပါးရှိဟု ထုတ်ပြန်

by လင်းသန့်
22 May 2014
6.2k

UNICEF ၏ ရုံးခန်းသည် စတုရန်း ပေ ၃၃၀၀၀ ကျယ်ဝန်းသည့် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား ၂ ရပ်ကွက် အမှတ် ၂၃/အေ တွင် ဖွင့်လှစ်ထား ခြင်းဖြစ်ပြီး တလလျှင် ငှားရမ်းခ ဒေါ်လာ...

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

by ကျော်ခ
20 October 2012
22.4k

ကျပ် ၁ ထောင်ဖိုးကနေ ၅ ထောင်ဖိုးလောက် အထိ မှာတဲ့လူတွေ များတယ်လို့ သူတို့က ရှင်းပြပါတယ်။ တခါတရံ ခရီးဝေးသွားမယ့် လူတွေဆိုရင် သောင်းဖိုးနဲ့ချီပြီး မှာယူသွားတာမျိုးတောင် ရှိတဲ့အကြောင်း သိရပါတယ်။

စီးပွားဖြစ် ဝါး စိုက်ပျိုး ထုတ်လုပ်, တရုတ်, အိန္ဒိယ, မြန်မာ, ဂေဟ စနစ်, သဘာ၀ ပတ်ဝန်းကျင်, သစ်တော ဦးစီးဌာန

စီးပွားဖြစ် ဝါး စိုက်ပျိုးထုတ်လုပ်မှု အလေးထား လုပ်ကိုင်ရန် တိုက်တွန်း

by ခိုင်ပြည့်စုံ
16 January 2014
4.8k

“ဝါးကိုအစေ့က စိုက်ရမှန်းလည်း မသိကြဘူး။ အရင်က ဝါးကို သစ်တောဦးစီးဌာန ကလည်း ပြုစုပျိုးထောင်မှု လုံးဝမရှိဘူး။ ပုဂ္ဂလိ က က ထုတ်လုပ်တာကို အခွန် ကောက်တာပဲ ရှိပါတယ်။ နောက်ပြီး ဝါးနဲ့ပက်သက်တဲ့ ဗဟုသုတ ကလည်း...

Next Post

မုတ္တမမြို့ဟောင်းများ တူးဖော် ထိန်းသိမ်းရေး စီစဉ်နေ

ဆန့်ကျင်ဘက်လိင်, အမှတ်တရနေ့, ခွဲခြားဆက်ဆံ

ဆန့်ကျင်ဘက်လိင် ကဲ့သို့ နေထိုင်သူများ အမှတ်တရနေ့ ကျင်းပ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.9k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

5 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate