သတင်းတို
နာမည်ပျက်စာရင်း (Black List) ဝင် ၃၀၀၀ ပယ်ဖျက်၍ မရတော့ဟု ဦးအောင်မင်း ပြော
This article has been converted from Zawgyi One to Unicode
လက်ကျန် နာမည်ပျက်စာရင်း(Black List)ဝင် ၃၀၀၀ သည် နိုင်ငံတကာ ရဲတပ်ဖွဲ့အင်တာပိုနှင့် တခြားနိုင်ငံတကာ အဖွဲ့အစည်းများ၏ အမည်ပျက် စာရင်း၌ ပါဝင်သူများ ဖြစ်၍ ၎င်းတို့အား ပယ်ဖျက်ပေး၍ မရကြောင်း သိရသည်။ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း က တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC) အဖွဲ့ဝင်များနှင့် ယမန်နေ့က တွေ့ဆုံစဉ် ပြောကြားခြင်း ဖြစ်သည်။ သမ္မတ ဦးသိန်းစိန် လက်ထက်တွင် အမည်ပျက်စာရင်းဝင် ဦးရေ ၂၈၀၀၀ ရှိကြောင်း၊ ၂၅၀၀၀ မှာ ပယ်ဖျက်ပေးပြီး ဖြစ်ကြောင်း သိရ သည်။