• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Human Rights

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေ ရေးဆွဲရန် တောင်းဆို

by သဇင်ငြိမ်း
25 November 2013
in Human Rights
A A
အမျိုးသမီးဖိုရမ်, အကြမ်းဖက်မှု, ဓလေ့ထုံးတမ်း, ကျားမ ရေးရာ တန်းတူညီမျှမှု

ပြည်သူ့ ရင်ပြင်တွင် ပြုလုပ်လျက်ရှိသည့် အမျိုးသမီးဖိုရမ်နှင့် အဖြူရောင်လှုပ်ရှားမှု မြင်ကွင်း (ဓာတ်ပုံ - သဇင်ငြိမ်း / ဧရာဝတီ)

1.8k
VIEWS
Share on FacebookShare on Twitter

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး ဥပဒေကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ရေးဆွဲရန် အမျိုးသမီး အခွင့်အရေး ဆိုင်ရာ အဖွဲ့များက အစိုးရကို တောင်းဆိုလိုက်သည်။

လူထု ပါဝင်သော လုပ်ငန်းစဉ်ဖြင့် အကောင်အထည် ပေါ်သည်အထိ လုပ်ဆောင်ရန်လည်း အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ပပျောက်ရေး အမျိုးသမီးဖိုရမ်မှ တဆင့် တိုက်တွန်းကြောင်း သိရသည်။

RelatedPosts

ကွယ်လွန်သွားတဲ့ ကလေးတွေအတွက် အမိန့်ပြန် (ရုပ်/သံ)

ကွယ်လွန်သွားတဲ့ ကလေးတွေအတွက် အမိန့်ပြန် (ရုပ်/သံ)

14 May 2025
29
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

14 May 2025
186
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

14 May 2025
1.2k

“အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက် ရေးနေ့ အထိမ်းအမှတ်ပွဲ” ကို နိုဝင်ဘာလ ၂၄ ရက်နေ့က ရန်ကုန်မြို့ ပြည်သူ့ ရင်ပြင်တွင် အမျိုးသမီးများ အကြမ်းဖက်မှု ပပျောက်ရေး အဖွဲ့ဝင်ပေါင်း ၂၈ ဖွဲ့ တို့မှ ဦးစီး၍ ကျင်းပခဲ့သည်။

အမျိုးသမီးများသည် ရိုက်နှက် အကြမ်းဖက်ခံရခြင်း၊ ဓလေ့ထုံးတမ်းများအရ ကျားမရေးရာ တန်းတူညီမျှမှုမရှိခြင်း စသည်ဖြင့် အမျိုးမျိုး ဖိနှိပ်ခံရသူများ ရှိကြရာ ထိုသို့ ဖိနှိပ်ခံရမှုများ ပပျောက်စေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်း ဖြစ်သည်ဟု ဆိုသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် လူထု အသိပညာပေး အခမ်း အနား အစီအစဉ်တရပ်ကိုလည်း လူမှုအဖွဲ့အစည်းပေါင်း ၂၇ ဖွဲ့က နိုဝင်ဘာ ၂၅ ရက်နေ့မှ ဒီဇင်ဘာ ၁၀ ရက်အထိ ၁၆ ရက်တာ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းအထိမ်းအမှတ်ပွဲသို့ တက်ရောက်လာသူများ စုပေါင်း၍ ဖိုရမ်ကျင်းပပြီး အမျိုးသမီးများ အခွင့်အရေးကို ဦးတည်သည့် အချက် ၆ ချက်ပါ တောင်းဆိုချက်ကို ထုတ်ပြန်ခဲ့သည်။ ယင်းတောင်းဆိုချက်များအား အကောင်အထည် ဖော်နိုင်မည့် လုပ်ငန်းစဉ်များကို ဆက်လက် လုပ်ဆောင် သွားမည်ဟုလည်း ဆိုသည်။

မြန်မာနိုင်ငံရှိ ဥပဒေနှင့် ပြဋ္ဌာန်းချက်များအနက် အမျိုးသမီးများ ဦးဆောင်ပါဝင်မှုကို အဟန့်အတား ဖြစ်စေသည့် ရည်ညွှန်း ဖော်ပြချက်များကို သုံးသပ်ပြင်ဆင်သွားရန်၊ ကျား၊မ အခြေပြု တရားသေ အစွဲများနှင့် အမျိုးသမီး အခွင့်အရေးများ အကြောင်းနှင့် ပတ် သက်သည့် လူထုပညာပေး အစီအစဉ်များကို ထိရောက် ကျယ်ပြန့်စွာ တိုးမြှင့် လုပ်ဆောင်ရန် စသည့် အချက်များ အပါအဝင် အချက် ၆ ချက်ကို တောင်းဆိုလိုက်ခြင်းလည်း ဖြစ်သည်။

အမျိုးသမီး ဖိုရမ်အနေဖြင့် ယင်းအချက်များကို အကောင်အထည် ဖော်နိုင်ရန်အတွက် ဥပဒေပြုရေး မဏ္ဍိုင်ဖြစ်သည့် လွှတ်တော်သို့တင်ပြခြင်း၊ အမျိုးသမီးများဆိုင်ရာ မူဝါဒများ ပေါ်ပေါက်လာရန် ဆောင်ရွက်ခြင်းများ၊ အမျိုးသမီးများ ခေါင်းဆောင်မှု စွမ်းရည်မြှင့် သင်တန်းများ၊ မီဒီယာနှင့် ရုပ်ရှင်အနုပညာရှင်များ အကူအညီဖြင့် လုထုပညာပေး လုပ်ငန်းများ အကောင်အထည် ဖော်မှုများကို စောင့်ကြည့်မည့် အဖွဲ့ကို ဖွ့ဲစည်းခြင်းများ ဆက်လက် လုပ်ဆောင် သွားမည်ဖြစ်သည်ဟုလည်း ဆိုသည်။

ထိုပွဲကို အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနှင့် ပတ်သက်ပြီး လူထုအတွင်း အသိပညာ မြှင့်တင်ရန်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအား ကာကွယ်တားဆီးရာတွင် အမျိုးသားများ၏ ပူးပေါင်းပါဝင်မှုကို မြှင့်တင်ရန်၊ ကျား၊ မ အခြေပြုအကြမ်း ဖက်မှုသည် လူ့အခွင့်ရေးဆိုင်ရာ ပြဿနာတခုဖြစ်ကြောင်းကို ဒေသတွင်းနှင့် နိုင်ငံတော်အဆင့်အထိ အသိပညာပေး မြှင့်တင်ပေး ရန် စသည့် ရည်ရွယ်ချက် သုံးရပ်ဖြင့် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ၂၅နေ့သည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအား အကြမ်းဖက်မှု ဆန့်ကျင်ရေးနေ့ဖြစ်ပြီး ထိုနေ့ကို ဖဲကြိုးဖြူနေ့ ဟု လည်း ခေါ်သည်။

အဖွဲ့ဝင်များက အခမ်းအနားသို့ တက်ရောက်လာသူများကို နိုဝင်ဘာ ၂၅ ရက်နေ့မှ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ အဖြူရောင်အကျႌ များ ဝတ်ဆင်ရန်လည်း တိုက်တွန်းသည်။

“အားလုံးမှာ အဖြူရောင်အကျႌ တထည်တော့ ရှိကြမယ်လို့ ထင်ပါတယ်။ အခုလို ၁၆ ရက်တာမှာ အဖြူရောင်အကျႌကို ဝတ်ထား တာ၊ ဒါမှမဟုတ် ဖဲကြိုးဖြူကို တပ်ဆင်ထားတာဟာ အမျိုးသမီးတွေ အကြမ်းဖက်မှု ပပျောက်ရေးမှာ ပါဝင်တယ် ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ အဖြူရောင်ဟာ ငြိမ်းချမ်းမှု သင်္ကေတပါ။ ငြိမ်းချမ်းရေးအတွက် အားလုံး ပူးပေါင်း ဆောင်ရွက်ကြပါ”ဟု ကျားမ ရေးရာ တန်းတူ ညီမျှရေး ကွန်ရက်မှ အကြီးတန်းညှိနှိုင်းရေးမှူး မမေစံပယ်ဖြူက ပြောကြားခဲ့သည်။

၁၉၆၀ ပြည့်နှစ် ဒိုမီနီကန်နိုင်ငံက အာဏာရှင် အုပ်ချုပ်ရေး ဆန့်ကျင်ခဲ့တဲ့ မီရာဘဲလ် ညီအစ်မသုံးယောက် နိုဝင်ဘာလ ၂၅ ရက်နေ့ အကြမ်းဖက် လုပ်ကြံခံရမှုအပေါ် အခြေခံပြီးဖြစ်ပေါ်လာခြင်း ဖြစ်သည်။

နိုဝင်ဘာ ၂၅ ရက် နိုင်ငံတကာ အမျိုးသမီးများ အကြမ်းဖက်မှု ပပျောက်ရေးနေ့အတွက် ၁၆ ရက်တာ လှုပ်ရှားမှု၏ အဓိက ဆောင် ပုဒ်မှာ “အိမ်တွင်းငြိမ်းချမ်းရေးမှသည် ငြိမ်းချမ်းသော ကမ္ဘာဆီသို့” ဖြစ်ကြောင်း သိရသည်။

အဆိုပါ လှုပ်ရှားမှုကို ၁၉၉၁ တွင် ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးခေါင်းဆောင်မှု ဗဟိုဌာန (Centre for Women’s Global Leadership) မှ နိုင်ငံတကာ လှုပ်ရှားမှု အသွင်ဖြင့် ဆောင်ရွက်ခဲ့ကြသည်။

ထို လှုပ်ရှားမှုကို ရေဒီယို အသံလွှင့်ခြင်း၊ ဗီဒီယိုနှင့်ရုပ်ရှင်များ ရိုက်ကူးပြသခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများ၊ စကားရည် လုပွဲများ ကျင်းပခြင်း၊ ပြဇာတ်များ၊ ဂီတပွဲများ၊ စာအုပ်ပြပွဲများ ပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကိုလည်း ပြုလုပ်ခဲ့ကြသည်။

၂၀၁၂ ခုနစ် နိုဝင်ဘာ ၂၅ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးကို ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက်နှင့်အတူ တခြားလူမှုအဖွဲ့အစည်း ၂၂ ဖွဲ့တို့မှ ရန်ကုန်မြို့တွင် လူထု လမ်းလျှောက်ပွဲနှင့် ကန်တော်ကြီး ပန်းခြံတွင် အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

Your Thoughts …
သဇင်ငြိမ်း

သဇင်ငြိမ်း

Contributor

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
111.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.1k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
အကြောင်းသိတွေ

အကြောင်းသိတွေ

Land Confiscation, လယ်သိမ်းမြေသိမ်း, ဧရာရွှေဝါ ကုမ္ပဏီ, ဧရာဝတီတိုင်း

ဧရာရွှေဝါ ပြန်အပ်သည့် မြေများအနက် ဧက ၂ သောင်းကျော် ပြန်ပေးပြီးဟုဆို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
6k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate