သတင်းတို

သမ္မတ ဦးသိန်းစိန် ဖိလစ်ပိုင်သို့ သွားမည်

This article has been converted from Zawgyi One to Unicode

ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးဌာနက သမ္မတ ဦးသိန်းစိန်သည် လာမည့် ဒီဇင်ဘာ ၄ မှ ၆ ရက်နေ့အထိ ဖိလစ်ပိုင် နိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်လိုက်သည်။ ၂၀၁၀ ပြည့်နှစ် နိုင်ငံပြုပြင်ပြောင်းလဲရေး လုပ်ဆောင်လာပြီး နောက် မြန်မာ ခေါင်းဆောင်တဦး အနေနဲ့ ပထမဆုံး သွားရောက်ခြင်း ဖြစ်ပြီး သမ္မတ အကွီနိုနှင့် တွေ့ဆုံကာ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ စွမ်းအင်၊ သတင်း အချက်အလက်များ ဖလှယ်ရေးနှင့် ယဉ်ကျေးမှု နှီးနှောဖလှယ်ရေး ကိစ္စများ ဆွေးနွေးမည်ဟု သိရ သည်။

Loading