သတင်းတို

အာရှဘောလုံး အဖွဲ့ချုပ် လူမှုရေးထူးချွန်ဆု ဦးဇော်ဇော်ရရှိ

This article has been converted from Zawgyi One to Unicode

အာရှဘောလုံး အဖွဲ့ချုပ် က ချီးမြှင့်သည့် လူမှုရေးထူးချွန်ဆု (AFC Dream Asia Award) ကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် ရရှိကြောင်း သိရသည်။ ၎င်းသည် မြန်မာ့ဘောလုံး ဖွံ့ဖြိုးတိုးတက်ရေးအပြင် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများ တွင် လည်းကောင်း၊ အာရှဘောလုံး မိသားစုအတွင်း လူမှုရေး လုပ်ငန်းများကိုလည်းကောင်း တက်တက်ကြွကြွ ပါဝင်ဆောင်ရွက် ခြင်း ကြောင့် ရရှိခြင်းဖြစ်ကြောင်း မြန်မာ့အလင်း သတင်းစာ၌ ပါရှိသည်။ ယင်းဆုကို ၂၀၁၀ ပြည့်နှစ်က စတင် ချီးမြှင့်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

Loading