သတင်းတို

IMF အကြီးအကဲ မြန်မာပြည် လာမည်

This article has been converted from Zawgyi One to Unicode

နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF) အကြီးအကဲ ခရစ္စတင်း လာဂါဒီ သည် ဒီဇင်ဘာလ ၆ မှ ၇ ရက်နေ့ အထိ မြန်မာပြည်သို့ လာရောက်မည်ဖြစ်ကြောင်း သိရသည်။ ၎င်းသည် ဒေါ်အောင်ဆန်းစုကြည်၊ အစိုးရ တာဝန်ရှိသူများ၊ စီးပွားရေး ပညာရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၆ ရက်တွင် IMF က ထုတ်ပြန်သည်။ ယင်း အဖွဲ့သည် ၂၀၁၁ ခုနှစ်မှ စ၍ မြန်မာနိုင်ငံနှင့် ဆက်ဆံမှုများ တိုးမြှင့်လာခြင်း ဖြစ်သည်။

Loading