• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဧည့်စာရင်းဖြင့် နေသူများကို ၁၅၀၀ တန် ဖုန်းဆင်းမ်ကတ် မဲဖောက်မပေးတော့

by ထက်နိုင်ဇော်
28 November 2013
in သတင်း
A A
မိုဘိုင်းဖုန်း, ရန်ကုန်တိုင်း, ဆက်သွယ်ရေး

ရန်ကုန်မြို့၊ တာမွေမြို့နယ်ထဲတွင် တန်ဖိုးနည်းဖုန်း ဆင်းမ်ကတ် မဲဖောက်ပေးနေစဉ် (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

2.2k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မြို့တွင် ဧည့်စာရင်းဖြင့် နေထိုင်သူများကို ကျပ် ၁၅၀၀ တန် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ်များ ရောင်းချခြင်း မပြုရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ နိုင်ငံရေးနှင့် လုံခြံရေး အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ပြီး ယင်းဆုံးဖြတ်ချက်ကို ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အားလုံးသို့ ဖြန့်ဝေထားကြောင်း သိရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ အကြောင်းကြား လာသောကြောင့် ယခုအကြိမ် တန်ဖိုးနည်းဖုန်း အလုံး ၉၀ မဲဖောက်မှုတွင် ရပ်ကွက်အတွင်း ဧည့်စာရင်းဖြင့် နေထိုင်သူများကို ဖုန်းလျှောက်ခွင့် လုံး၀ မပေးတော့ကြောင်း မြောက်ဒဂုံ (၄၀) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်လွင်က ဧရာဝတီသို့ ပြောသည်။

RelatedPosts

ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

17 May 2025
692
လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

16 May 2025
68
စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

16 May 2025
80

“အရင် မဲဖောက်ခဲ့တဲ့ ၇ ကြိမ်မှာတော့ ဧည့်စာရင်းနဲ့နေတဲ့ သူတွေကိုပါ ဖုန်းလျှောက်ခွင့် ပေးခဲ့တယ်။ အခုတကြိမ်တော့ ဧည့်တွေ မပါတော့ဘူး။ အခုရပ်ကွက်ထဲမှာ ဖုန်း အလုံးရေ ၅၀၀ ကျော်ရသွားပြီ။ တချို့တွေကျတော့ ဖုန်းကို ပြန်ရောင်းစားတာမျိုးတွေလည်း ရှိတယ်” ဟု ဦးဇော်လွင်က ဆိုသည်။

ရပ်/ကျေး အုပ်ချုပ်ရေးပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ ဆုံးဖြတ်ချက်ကြောင့် ဧည့်စာရင်းများကို ဖုန်းမပေးရခြင်းဟု အကြောင်းပြသော်လည်း ဧည့်စာရင်းများကို ဖုန်းချပေးရသည်မှာ ရှုပ်ထွေးမှုများ ဖြစ်နေကြောင်း အောက်ခြေအာဏာပိုင် အဆင့်ဆင့်မှ တင်ပြလာသောကြောင့် ယခုကဲ့သို့ ဆုံးဖြတ်လိုက်ရခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးက ဧရာဝတီသို့ ပြောသည်။

“အဲဒီပြဿနာက ဖြေရတော်တော်ခက်တယ်။ အောက်ခြေကလည်း ဖုန်းလျှောက်တဲ့ အဆင့်တွေမှာ ဧည့်တွေကြောင့် လုပ်ငန်းရှုပ်ထွေးမှုတွေ ဖြစ်တယ်လို့ တင်ပြမှုတွေ ရှိတယ်။ ပထမတုန်းက အကုန်ပေးတာ။ အခု ၈ ကြိမ်မြောက်မှာတော့ ဧည့်တွေ မပေးတော့ဘူး။ အရင် မဲနှိုက်ပြီးသား မဲပုံးတွေကိုပဲ ဆက်ဖောက်ဖို့ လုပ်သလို တချို့ကလည်း ဧည့်တွေကို လုံး၀ ထုတ်လိုက်တာမျိုး ရှိတယ်” ဟု ဦးအောင်ကျော်စိုးက ပြောသည်။

ရပ်ကွက်အတွင်း သာရေး၊ နာရေး လုပ်ငန်းများအတွက် ဧည့်စာရင်းဖြင့် နေထိုင်သူများထံမှ ပုံမှန်ပိုက်ဆံ ကောက်လေ့ ရှိသော်လည်း ဖုန်းလျှောက်ခွင့် အခွင့်အရေးကိုမူ မပေးခြင်းသည် မျှတမှု မရှိဟု ရပ်ကွက်အတွင်း ဧည့်စာရင်းဖြင့် နေထိုင်သူများက ပြောဆိုလျက်ရှိကြောင်း မြောက်ဒဂုံ (၄၀) ရပ်ကွက်တွင် နေထိုင်သူ ဦးမြင့်နိုင်က ပြောသည်။

“သာရေး၊ နာရေး၊ လမ်းကြေး၊ မီးကင်းကြေး လိုမျိုးဟာတွေ ကျတော့ ဧည့်စာရင်းနဲ့ နေတဲ့သူတွေကိုပါ ကောက်ပြီး ဖုန်းလျှောက်ခွင့်ကျတော့ မပေးဘူးဆိုရင် မကောင်းတတ်လို့ နာရေးကလွဲရင် ကျန်တာ မထည့်နဲ့လို့ အိမ်ကလူတွေကို ပြောထားတယ်” ဟု ဦးမြင့်နိုင်က ဆိုသည်။

တန်ဖိုးနည်းဖုန်း ကျပ် ၁၅၀၀ တန်ဖုန်းမှာ ပြင်ပဈေးကွက်တွင် CDMA ဖုန်းတလုံးလျှင် ကျပ် ၇ သောင်း၊ GSM ဖုန်း တလုံးလျှင် ၁ သိန်း ၃ သောင်းအထိ ပေါက်ဈေးရှိနေသောကြောင့် တချို့မှာ ပြန်လည် ရောင်းချမှုများ ပြုလုပ်ကြကြောင်း သိရသည်။

“ကျနော်တို့ ရပ်ကွက်ကတော့ နဂိုကတည်းက ဧည့်စာရင်းနဲ့ နေတဲ့သူတွေကို မပေးတာ။ သန်းခေါင်စာရင်း အမှန်ရှိတဲ့သူတွေကိုပဲ ပေးတာ။ ဧည့်စာရင်းနဲ့ နေတဲ့သူတွေကလည်း လိုချင်တာပေါ့။ ပြောလို့မရလို့သာ ဘာမှမပြောကြတာ” ဟု မြောက်ဒဂုံ (၃၃) ရပ်ကွက်တွင် နေထိုင်သူ ဦးမြင့်ဇော်က ပြောသည်။

တန်ဖိုးနည်းဖုန်းမှာ အိမ်ပိုင်မရှိသူ၊ ဧည့်စာရင်းဖြင့် နေထိုင်သူများအတွက် အဖိုးတန်သောကြောင့် ရောင်းချပေး သင့်ကြောင်း၊ တောင်ဥက္ကလာပမြို့နယ် (၄) ရပ်ကွက်တွင်လည်း ၁၅၀၀ တန်ဖုန်း လျှောက်သူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အသိုင်းအဝိုင်းကြား ပြဿနာ အကြီးအကျယ်တက်၍ လွှတ်တော်ကိုယ်စားလှယ် တချို့ပါ ဝင်ရောက် ရှင်းလင်း ပေးနေရကြောင်း တောင်ဥက္ကလာပ မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒေါက်တာ စောနိုင်က ဧရာဝတီသို့ ပြောသည်။

“ပြဿနာက ဖုန်းမဲနှိုက်ကြတဲ့အခါ လျှောက်လွှာတင်ထားတဲ့ သူတွေက မဲပုံးကို ကြည့်ချင်တာကို ရပ်ကွက် ကော်မတီက ခွင့်မပြုဘူး။ နောက်ဆုံး ကော်မတီဝင် တယောက်က မဲပုံးကြီးယူပြီး ထွက်ပြေးသွားတဲ့အတွက် ရပ်ကွက် အုပ်ချုပ်ရေးမှူးကို အရေးယူပေးဖို့ တိုင်ထားတယ်။ တကယ်တော့ တန်ဖိုးနည်းဖုန်းဆိုတာ နေစရာအပိုင် မရှိသေးသူတွေ ရသင့်ပါတယ်။ အခု မိအေး နှစ်ခါနာ ဖြစ်တာပေါ့ ” ဟု ဒေါက်တာ စောနိုင်က ပြောသည်။

မြန်မာ့ဆက်သွယ်ရေးမှ တန်ဖိုးနည်းဖုန်းများ ဆက်လက် ချထားပေးသွားမည် ဖြစ်ပြီး တန်ဖိုးနည်း ဖုန်းများအတွက် ဝန်ထမ်းဝေစုကို ယခင်က သုံးပုံတပုံ ယူခဲ့သော်လည်း ယခုအခါ ရှစ်ပုံတပုံသာ ယူတော့ကြောင်း၊ နောက်ပိုင်းတွင် ဝန်ထမ်းဝေစု လုံးဝမယူတော့ဘဲ ပြည်သူသို့ အပြည့်အ၀ ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

Your Thoughts …
Tags: Economy
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

by ဧရာဝတီ
23 July 2015
194.1k

ဦးအောင်သောင်း တန်ခိုးထွားစဉ်က ဆိုလျှင် ပရောဂျက်တခု ရရှိရေး အတွက် လာဘ်ငွေကို သူ့ကို သာမကသူ၏ ကိုယ်ရေး အရာရှိ နှစ်ဦးကိုပါ ပေးရသည်။ လာဘ်ပေး လာဘ်ယူ မလုပ်လိုဘဲ လမ်းရိုးလမ်းစဉ် အတိုင်း စီးပွားရေး အခွင့်အလမ်း...

ပန်းဆိုးတန်းခုံးကျော်, ရွှေဂုန်ရုံ, မြို့မရုံ, သမ္မာအာဇီ, တိမွေးကု တက္ကသိုလ်

အန်တီစန်း ပန်းဆိုးတန်းမှာ အလုပ်လုပ်သည်

by မြတ်စုမွန်
22 September 2014
26.2k

၁၀ မိနစ် လောက်သာ ကြာမြင့်သည့် ခြေစွယ်ဖော်ခြင်း အလုပ်မှ လုပ်အားခ ၇ ထောင်ကျော် ရလိုက်သည်။ ဓား အသစ်ကို သုံးရန် တောင်းဆိုသဖြင့် ဓားတချောင်း ရောင်းရသည့်ငွေနှင့် ခြေစွယ် ဖော်ပေးသည့် ဝန်ဆောင်ခ နှစ်ခု...

War on Economy

War on Economy

by ဘီရုမာ
17 June 2024
186

ကာတွန်း

UNICEF,ရန်ကုန် ရုံးခန်းငှားခ,ဗိုလ်ချုပ် ညွန်တင်,ဗိုလ်ချုပ်မှူးကြီး သန်းရွှေ,အမေရိကန် ဒေါ်လာ ၈၇၀၀၀

UNICEF ရန်ကုန် ရုံးခန်းငှားခ တလ ဒေါ်လာ ၉၀၀၀၀ နီးပါးရှိဟု ထုတ်ပြန်

by လင်းသန့်
22 May 2014
6.2k

UNICEF ၏ ရုံးခန်းသည် စတုရန်း ပေ ၃၃၀၀၀ ကျယ်ဝန်းသည့် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား ၂ ရပ်ကွက် အမှတ် ၂၃/အေ တွင် ဖွင့်လှစ်ထား ခြင်းဖြစ်ပြီး တလလျှင် ငှားရမ်းခ ဒေါ်လာ...

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

by ကျော်ခ
20 October 2012
22.4k

ကျပ် ၁ ထောင်ဖိုးကနေ ၅ ထောင်ဖိုးလောက် အထိ မှာတဲ့လူတွေ များတယ်လို့ သူတို့က ရှင်းပြပါတယ်။ တခါတရံ ခရီးဝေးသွားမယ့် လူတွေဆိုရင် သောင်းဖိုးနဲ့ချီပြီး မှာယူသွားတာမျိုးတောင် ရှိတဲ့အကြောင်း သိရပါတယ်။

စီးပွားဖြစ် ဝါး စိုက်ပျိုး ထုတ်လုပ်, တရုတ်, အိန္ဒိယ, မြန်မာ, ဂေဟ စနစ်, သဘာ၀ ပတ်ဝန်းကျင်, သစ်တော ဦးစီးဌာန

စီးပွားဖြစ် ဝါး စိုက်ပျိုးထုတ်လုပ်မှု အလေးထား လုပ်ကိုင်ရန် တိုက်တွန်း

by ခိုင်ပြည့်စုံ
16 January 2014
4.8k

“ဝါးကိုအစေ့က စိုက်ရမှန်းလည်း မသိကြဘူး။ အရင်က ဝါးကို သစ်တောဦးစီးဌာန ကလည်း ပြုစုပျိုးထောင်မှု လုံးဝမရှိဘူး။ ပုဂ္ဂလိ က က ထုတ်လုပ်တာကို အခွန် ကောက်တာပဲ ရှိပါတယ်။ နောက်ပြီး ဝါးနဲ့ပက်သက်တဲ့ ဗဟုသုတ ကလည်း...

Next Post
ဒေါ်အောင်ဆန်းစုကြည်, သမ္မတ, ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်, ဖွဲ့စည်းပုံအခြေခံဥပဒေ, ဦးရဲထွဋ်

“ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံချက်က အချိန်မတန်သေးဘူး”

ထိုင်း ဝန်ကြီးချုပ်, ဆန္ဒပြ, လွှတ်တော်, မဲခွဲ ဆုံးဖြတ်, မစ္စ ယင့်လပ်

ဆန္ဒပြတာတွေ ရပ်ဖို့ အတိုက်အခံတွေကို ထိုင်း ဝန်ကြီးချုပ် ယင့်လပ် ပြောပြီ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

7 days ago
7.5k

Most Read

  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate