• English
Friday, May 23, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Religion

ဒေါ်စု သမ္မတဖြစ်သွားရင် တိုင်းပြည် ဖရိုဖရဲ ဖြစ်သွားနိုင်တယ်

by ဧရာဝတီ
29 November 2013
in Religion
A A
သမ္မတ, ဦးရွှေမန်း, ဒေါ်အောင်ဆန်းစုကြည်, ဦးသိန်းစိန်, အမျိုး, ဘာသာ, သာသနာ

မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ ဆရာတော်ဦးဝီရသူ (ဓာတ်ပုံ - ဧရာဝတီ)

25.3k
VIEWS
Share on FacebookShare on Twitter

မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ ဦးဝီရသူသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး ဖြစ်လာမည့် သမ္မတသစ်ရာထူးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မဖြစ်သင့်ကြောင်း တရားဟောနေသည်ဟု သတင်းများပေါ်ထွက်နေသောကြောင့် ဧရာဝတီက တိုက်ရိုက်စုံစမ်းမေးမြန်းခဲ့ပါသည်။ “ဦးဇင်းဟောတာက စောင့်လေမျိုးနွယ်နဲ့ ပက်သက်ပြီးပဲ ဟောတာပါ။ ဒေါ်စုရဲ့ အိမ်ထောင်ဘက်သာ တိုင်းရင်းသားဖြစ်ခဲ့မယ်ဆိုရင် စစ်အစိုးရလက်ထပ်မှာ နိုင်ငံခြားသားကို ယူခဲ့လို့ တိုက်တာကို ခံရမှာ မဟုတ်ဘူး။ ၅၉ စ ကိုလည်း ပြင်စရာမလိုဘူး” ဟု အရှင်ဝီရသူက ဧရာဝတီသတင်းထောက် စနေလင်းနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုတွင် ဖြေကြားခဲ့သည်။

မေး။   ။ ဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့ကလည်း လာမယ့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ သမ္မတလုပ်ဖို့ ပြောဆိုနေကြပြီ။ ဦးသိန်းစိန်ကလည်း သမ္မတ ထပ်လုပ်မလုပ်ဆိုတာ မသိသေးတော့ ဘုန်းဘုန်းအနေနဲ့ အဲဒီအပေါ်မှာ ဘယ်လိုသဘောထားရှိ ပါသလဲဘုရား။

RelatedPosts

တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

23 May 2025
261
ထိုင်း-မြန်မာ နယ်စပ်က စစ်တပ်စခန်းတွေကို တပြိုင်တည်းဝင်တိုက်နေ (ရုပ်/သံ)

ထိုင်း-မြန်မာ နယ်စပ်က စစ်တပ်စခန်းတွေကို တပြိုင်တည်းဝင်တိုက်နေ (ရုပ်/သံ)

23 May 2025
19
ဓမ္မတာလာရက် ခွင့်ပေးဖို့ ထိုင်းအစိုးရထုတ်ပြန်ချက် အလုပ်ရှင်တွေက လိုက်နာမှာလား (ရုပ်/သံ)

ဓမ္မတာလာရက် ခွင့်ပေးဖို့ ထိုင်းအစိုးရထုတ်ပြန်ချက် အလုပ်ရှင်တွေက လိုက်နာမှာလား (ရုပ်/သံ)

23 May 2025
4

ဖြေ။   ။ ၃ ယောက်စလုံး အရွေးခံမယ်ဆိုရင်တော့ ဦးဇင်းအနေနဲ့က သမ္မတကြီး ဦးသိန်းစိန်ကို ဖြစ်စေချင်တယ်။ သမ္မတကြီးက အရွေးမခံတော့ဘူးဆိုရင်တော့ ဦးရွှေမန်းကို ရွေးချယ်မှာပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို မလိုလားလို့တော့မဟုတ်ပါဘူး။ ဒေါ်စု မှာက အားသာချက်လည်းရှိသလို အားနည်းချက်လည်းရှိတယ်။ အားသာချက်ကတော့ ဘဝတခုလုံးကို လူထုအတွက်စွန့် လွှတ်ပြီးတော့ ပေးဆပ်ထားတာ။ အဲဒီအချက်ကတော့ သမ္မတကြီးရော၊ ဦးရွှေမန်းတို့ပါ သူ့ကို မသာနိုင်ဘူး။ တော်လှန်ရေး ဆင်နွှဲခဲ့တယ်၊ တော်လှန်ရေးစိတ်ဓါတ် အပြည့်အ၀ ရှိတယ်။ တော်လှန်ရေးသမားကောင်း တယောက်ဖြစ်တယ်။ အဲဒီအတွက် ဒေါ်စုကို ဘယ်ခေတ်၊ ဘယ်အခါနဲ့မှ မတူတဲ့ သူရဲကောင်းအဖြစ် သတ်မှတ်ထားတယ်။

ဒါပေမယ့် ဒေါ်စုမှာက အုပ်ချုပ်ရေး အားနည်းတယ်။ ပြီးတော့ ဒေါ်စုက မြန်မာပြည်ရဲ့အထာနဲ့ မြန်မာပြည်ရဲ့အကြောင်းကို သိပ်မသိဘူး။ သူသိတာက တော် လှန်ရေးလုပ်ဖို့လောက်၊ အစိုးရကို တိုက်ခိုက်ဖို့လောက်ပဲသိတာလေ။ အဲဒါကြောင့် ဒေါ်စုသာ သမ္မတဖြစ်သွားမယ်ဆိုလို့ရှိ ရင် တိုင်းပြည်အုပ်ချုပ်ရေးက ဒီ့ထက်ပိုပြီး ဖယိုဖရဲ ဖြစ်သွားနိုင်တယ်။ ပြီးတော့ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ ဒီ့ထက်ပိုပြီး ကြီးထွားလာနိုင်တယ်။ ဒေါ်စုအပေါ် မကျေနပ်ချက်တွေနဲ့ ပြည်သူလူထုတွေက အုံကြွဆူပူမှုတွေ ပြန်ဖြစ်နိုင်တယ်။ ဒေါ်စုသာ ပြည်သူလူထုအပေါ်မှာ အထာသိတယ်၊ မြန်မာပြည်အကြောင်းကို သိတယ်ဆိုလို့ရှိရင် သူတို့ ၃ ယောက် ထဲမှာ ဒေါ်စုကိုပဲ ရွေးချယ်မှာပေါ့။

မေး။   ။  ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံခြားသားကို အိမ်ထောင်ပြုခဲ့ပြီး သူ့သား ၂ ယောက်ဟာ နိုင်ငံခြားသားတွေတွေဖြစ်တဲ့အတွက် တိုင်းပြည်ခေါင်းဆောင်ဖြစ်ခွင့်မရှိဘူးဆိုတဲ့အပေါ် ဘယ်လိုယူဆလဲ။

ဖြေ။   ။  ဦးဇင်းတို့ကတော့ သူ ဖွဲ့စည်းပုံကို ပြင်မယ်ဆိုတဲ့သတင်းကို နားစွင့်လိုက်တော့ သူ့ရဲ့မျိုးဆက်တွေအထိ မပါဘူး၊ သူတယောက်ထဲ သမ္မတဖြစ်ခွင့်ရတာလိုပေါ့။ သူ့အိမ်ထောင်က ပျက်ဆီးသွားတဲ့အတွက်ကြောင့်ပေါ့။ အဲဒါဆိုရင်တော့  သူ့ကို လိုလားပါတယ်။ သူ့နောက်ကနေ ပါလာတဲ့လူတွေ အကုန်လုံးကို ဥပမာဆိုရရင် တိုင်းရင်းသားမဟုတ်၊ နိုင်ငံသားဖြစ်ခွင့်ရှိသူ အကုန်လုံးကို သမ္မတ ထလုပ်မယ်ဆိုရင်တော့ မကောင်းဘူးလေ။ တိုင်းရင်းသားမဟုတ်တဲ့သူတွေကို ဝင်လို့မရအောင် ကာကွယ်ထားနိုင်ပြီးတော့ တိုင်းရင်းသားဖြစ်သူတွေ မည်သူမဆို သမ္မတ ဖြစ်ခွင့်ပေးတဲ့ ပုံစံဆိုရင်တော့ ဒေါ်စုကိုလည်း လိုလားပါတယ်။

မေး။   ။   အခု သတင်းတခုထွက်နေတာက ဦးဇင်းက ဒေါ်စု သမ္မတ မဖြစ်ရေးအတွက် ဦးဇင်းရဲ့ တရားပွဲတွေမှာ ထည့်သွင်းဟော ကြားနေတယ်လို့ ကြားရတယ်။ အဲဒီအပေါ်မှာရော ဘာများပြောချင်ပါသလဲ။

ဖြေ။   ။  ဦးဇင်းက ဒေါ်စု သမ္မတ မဖြစ်ရေးကို မဟောပါဘူး။ ဦးဇင်းဟောတာက စောင့်လေမျိုးနွယ်နဲ့ ပက်သက်ပြီးပဲ ဟောတာပါ။ ဒေါ်စုရဲ့ အိမ်ထောင်ဘက်သာ တိုင်းရင်းသားဖြစ်ခဲ့မယ်ဆိုရင် စစ်အစိုးရလက်ထပ်မှာ နိုင်ငံခြားသားကို ယူခဲ့လို့ တိုက်ခံတာကို ခံရမှာ မဟုတ်ဘူး။ ၅၉ စ ကိုလည်း ပြင်စရာမလိုဘူး။ သမ္မတ လုပ်ဖို့ အလွယ်တကူပဲ။ အခုတော့ စောင့်လေမျိုးနွယ် တာဝန်ကို ပျက်ကွက်ခဲ့တဲ့အတွက် အမျိုးသမီးတွေရဲ့ အပုပ်ချတာလဲခံရတယ်၊ ကြံ့ခိုင်ရေးတွေရဲ့ လုပ်ကြံတာလည်း ခံရတယ်။ စစ်အစိုးရရဲ့ ထိုးနှက်တာလဲ ခံရတယ်။ လွှတ်တော်ထဲမှာလည်း ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဖို့ ကျားကုတ် ကျားခဲ ကြိုးစားနေရတယ်။ အဲဒီလောက်ပဲ ဟောပြောတာပါ။

ဦးဇင်းကတော့ အမျိုးဘာသာ သာသနာကို အကျိုးရှိရာရှိကြောင်း၊ တကယ် အားကိုးရမယ့် သမ္မတ ဆိုလို့ရှိရင် ဒေါ်စုကို လို လားတယ်။ ဦးသိန်းစိန်နဲ့ ဦးရွှေမန်းကိုလည်း လိုလားတယ်။ တကယ်လို့ အမျိုး ဘာသာ သာသနာအတွက် အဆိပ်အတောက် ဖြစ်နိုင်တယ်၊ အားကိုးလို့ မရဘူးဆိုရင်တော့ ဦးဇင်းတို့က ဘယ်သူမှ လက်မခံဘူးလေ။ အခု ပြည်သူတွေ လိုအပ်နေတာ ဒီအမျိုးစောင့် ဥပဒေကိုပေါ့။ အခုဆို ပြည်သူ ၄ သန်းကျော်က လက်မှတ်ထိုးထားတယ်။ တချို့ လက်မှတ်ထိုးချင်သူတွေက ရှိသေးတယ်။ ဦးဇင်းတို့က အပူတပြင်းလုပ်လိုက်ရလို့။ ဒီလို ပြည်သူလူထုကို ဥပက္ခာပြုပြီးတော့ လွှတ်တော်အမတ်တွေဟာ မျိုးစောင့်ဥပဒေကို အကောင်အထည်ဖော်မပေးနိုင်ဘူး။ တကယ်လို့ ဒေါ်စုကသာ မျိုးစောင့်ဥပဒေကို အကောင်အထည်ဖော်ပေးနိုင်လို့ရှိရင် ဒေါ်စု သမ္မတ ဖြစ်ရေးကိုလည်း ကြိုးစားလို့ရတယ်၊ ဒေါ်စုကို ရုပ်ထုလုပ်ပြီး ကိုးကွယ်မယ်ဆိုရင်လည်း ကိုးကွယ်ရဲတယ်။

မေး။   ။ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးဘာသာ သာသနာ စောင့်ရှောက်မှုနဲ့ ပက်သက်ပြီး ဥပမာပေးဟောတော့ တရားနာလာတဲ့ လူထုကရော ဘယ်လိုတုံ့ပြန်တာမျိုးတွေ၊ ဘယ်လိုပြောဆိုတာမျိုးတွေ ရှိပါသလဲ။

ဖြေ။   ။  ပါရာဒိုင်းက ရွေ့သွားပြီဗျ။ ရခိုင်အရေး ဖြစ်ပြီးသွားတဲ့နောက်ပိုင်းမှာ ဒေါ်စုကို ပြည်သူလူထုက သိပ်ပြီးတော့ ကြည်ညိုလေးစားမှု အားနည်းသွားပြီ။ သိပ်ယုံကြည်မှု မရှိတော့ဘူး။ ဦးဇင်းပြောတာတွေကို အပြည့်အ၀ ထောက်ခံတယ်။

မေး။   ။ ဦးဇင်းက သံဃာတော် တပါးဖြစ်နေပြီးတော့မှ နိုင်ငံရေးနဲ့ ပက်သက်ပြီးတော့ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ဥပမာပေး ဟောကြားနေတာ တွေကို တချို့က ဝေဖန်ကြတယ်။ အဲဒီအပေါ်မှာရော ဦးဇင်း ဘာများပြောချင်ပါသလဲ။

ဖြေ။   ။  ဦးဇင်းတို့ကတော့ ဗုဒ္ဓတရားတော်နဲ့အညီ ဟောတာပဲလေ။ စောင့်လေမျိုးနွယ်ဆိုတာ ဘုရားဟောခဲ့တယ်၊ ဘုရားဟော တယ်ဆိုတာကို ခေတ်မှာဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေနဲ့ နမူနာ ပြပြီး ဟောသွားတာပဲလေ။ တရားတော်နဲ့အညီ ဟော တာဖြစ်တဲ့အတွက်ကြောင့် သူတို့ဝေဖန် ပုပ်ခတ်တယ်ဆိုတာ သူတို့ရဲ့ ပုဂ္ဂလိကဆန္ဒအရ ဦးဇင်းတို့က ခွင့်လွှတ်လို့ရပါ တယ်။ ဦးဇင်းက အစိုးရကို လိုလားသူလည်း မဟုတ်ဘူး။ အစိုးရကို ဆန့်ကျင်သူလည်း မဟုတ်ဘူး။ အန်အယ်ဒီကို လိုလား သူလည်းမဟုတ်၊ ဆန့်ကျင်သူလည်းမဟုတ်ဘူး။ အမျိုးဘာသာ သာသနာအတွက် အကျိုးရှိမယ်ဆိုလို့ရှိရင် နောက်ဆုံးဗျာ အစ္စလမ်တွေနဲ့ ပူးပေါင်းဖို့တောင် ရည်ရွယ်ထားတဲ့သူပါ။ ဦးဇင်းကို တစုံတယောက်က ချုပ်ကိုင်ပြီးတော့ ၂၀၁၅ ခုနှစ်ရွေး ကောက်ပွဲမှာ ဒေါ်စုကို အလဲထိုးဖို့ဆိုပြီး ဦးဇင်းကို ဘယ်သူမှ ချုပ်ကိုင်တာလည်း မရှိပါဘူး။ စေခိုင်းတာလဲ မရှိဘူး။ ဦးဇင်း ခံယူချက်၊ ယုံကြည်ချက်နဲ့ ရပ်တည်ချက်တွေအရပဲလေ။

မေး။   ။ တိုင်းပြည်က ဒီမိုကရေစီအပြောင်းအလဲ နုနယ်နေသေးတဲ့ ကာလမှာ လူမျိုးရေး၊ ဘာသာရေး တဖက်နဲ့တဖက် အပြန်အ လှန် ပြောနေကြလို့ရှိရင် တိုင်းပြည်ရဲ့အရွေ့က ပြောင်းသွားနိုင်တယ်လို့ တချို့က ပြောနေကြတယ်။

ဖြေ။   ။  စိတ်ချပါ။ ဦးဇင်းတို့လမ်းကြောင်းနဲ့ ဦးဇင်းတို့ သွားနေကြတာက ဒီမိုကရေစီကိုလည်း မထိခိုက်စေရဘူး၊ လူ့အခွင့်အရေးကို လည်း မဆုံးရှုံးစေရဘူး၊ တရားဥပဒေ စိုးမိုးရေးကိုလည်း မထိခိုက်စေရပါဘူး။ ဦးဇင်းတို့က ပြည်သူလူထုနဲ့ အမြဲတမ်း ထိတွေ့နေရတာလေ။ ဘယ်နေရာပဲ သွားသွား၊ ဘာတွေပဲ လုပ်လုပ် အမျိုးသားရေး အမြင်နဲ့ပဲ ကြည့်တယ်။ အဲဒီဘောင်ထဲကနေပဲ သွားနေတာပါ။

Your Thoughts …
Tags: Interviews
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဆရာကြီး ဒဂုန်တာရာ၏ အာဇာနည်နေ့ အမှတ်တရ ပြောကြားချက်

ဆရာကြီး ဒဂုန်တာရာ၏ အာဇာနည်နေ့ အမှတ်တရ ပြောကြားချက်

by ဧရာဝတီ
19 August 2013
34k

အဲဒီမှာ ဆရာဇော်ဂျီ (ဆရာ သိန်းဟန်)က အထူးအရာရှိ၊ သူ့အခန်း မှာ ဦးချန်ထွန်း ဆိုတာ ဖျာပုံကပဲ၊ သူက ခေါင်းစိုက်နေတယ်၊ ဒါနဲ့ ဆရာ သိန်းဟန်က ကျနော့်ကို မင်းမသိဘူးလားကွ၊ ဆိုတော့ ကျနော်က မသိသေးဘူးလို့၊...

“ပညာသည်သာ ရတနာ၊ ဆရာသည်သာ အခရာ”

“ပညာသည်သာ ရတနာ၊ ဆရာသည်သာ အခရာ”

by ဧရာဝတီ
21 August 2013
6k

တဲ့တိုးပြောရရင် ပညာရေးမှာ ဆရာသာ အခရာ အဓိကပဲ၊ ကျောင်းသား တတ်အောင်သင်ဖို့ ဆိုရင် ဆရာ ကိုယ်တိုင်က ကျွမ်းကျွမ်း ကျင်ကျင်နဲ့ ပြောင်ပြောင် မြောက်မြောက် တတ်ဖို့ လိုအပ်တယ်၊ တက္ကသိုလ် ဆရာလည်း ပြုစုပျိုးထောင်ရလိမ့်မယ်၊ “ပညာ...

ဗကပဟောင်း စာရေးဆရာ တဦးနှင့် တွေ့ဆုံခြင်း

ဗကပဟောင်း စာရေးဆရာ တဦးနှင့် တွေ့ဆုံခြင်း

by ဧရာဝတီ
5 June 2015
19.9k

ဗမာပြည် ကွန်မြူနစ် ပါတီတွင် ၄၀၄၆ တပ်ရင်း နိုင်ငံရေးမှူး နှင့် တပ်ပေါင်းစု လုပ်ငန်း တာဝန်ခံအဖြစ် အလယ်ပိုင်း ဗျူရို၌ တာဝန် ထမ်းဆောင်ခဲ့သူ စာရေးဆရာ သန်းစိုးနိုင်အား တွေ့ဆုံ မေးမြန်း ထားပါသည်။

ထူးအိမ်သင်

ထူးအိမ်သင်ပွဲ မကျေနပ်သံများ အကြောင်း မြင့်မိုးအောင်နဲ့ အင်တာဗျူး

by ဧရာဝတီ
15 August 2014
18.4k

ဝေဖန် ပြောဆိုနေကြ သူတွေက သူတို့ ကိုယ်တိုင်တောင် အနုပညာကို အောင်မြင် ပေါက်မြောက် အောင် ဘယ်လောက် လုပ်ထားနိုင်ခဲ့လို့လဲ။ သီချင်းတပုဒ်ကို သူတို့ရေးပြီး ဆိုပြီးတော့ ဘယ်လို အောင်မြင်အောင် လုပ်နိုင်လဲ

သူတို့ ပြောသော ၈ လေးလုံး အမှတ်တရ မြင်ကွင်းများ (၁)

သူတို့ ပြောသော ၈ လေးလုံး အမှတ်တရ မြင်ကွင်းများ (၁)

by ဧရာဝတီ
24 July 2013
15k

၈ လေးလုံး အရေးတော်ပုံနဲ့ ပက်သက်လို့ ဒါဟာ ငါလုပ်တာ၊ ဒါ ငါတို့ရဲ့အဖွဲ့က လုပ်တာလို့ ပြောရင် ရူးသွပ်တာပဲလို့ မြင်တယ်

“ယောက်ျားတွေကျ ဘာကြောင့် လူပျိုစစ်ဖို့ မလိုတာလဲ”

“ယောက်ျားတွေကျ ဘာကြောင့် လူပျိုစစ်ဖို့ မလိုတာလဲ”

by ဧရာဝတီ
29 July 2013
19.9k

တကယ်လို့ မြန်မာနိုင်ငံမှာ ယောက်ျားနဲ့ မိန်းမ တန်းတူညီမျှမှု ရှိသလားလို့ ကျမတို့ မြန်မာ အမျိုးသမီးတွေကို မေးရင် ရှိပါတယ်လို့ ဖြေကြလိမ်မယ်။ ဒါပေမယ့် ရင်ထဲမှာ မမြင်နိုင်တဲ့ အတွင်းဖက် နေရာမှာ တော့ ကျမတို့ဟာ ဒုတိယတန်းစား...

Next Post
ပညာရေး, ပညာ့လက်ဆုပ်စနစ်

ပညာ့လက်ဆုပ် စနစ် ဘယ်တော့ ချုပ်ငြိမ်းမလဲ

ဦးတေဇ, ပူတာအို, ကချင်ပြည်နယ်

ဦးတေဇ၏ ပူတာအို စီမံကိန်း ဝေဖန်ခံနေရ

Please login to join discussion
No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

2 days ago
3.2k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

3 days ago
2.8k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate