မြန်မာ-ထိုင်း နယ်စပ် ဆက်ဆံရေး (BLO) ရုံးများတွင် တာဝန်ထမ်းဆောင်မည့် နှစ်နိုင်ငံမှ အရာရှိ ၃၀ ကို ကမ္ဘာ့ ကုလသမဂ္ဂ ရာဇဝတ်မှုနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ရုံး(UNODC) အစီအစဉ်ဖြင့် သင်တန်းပေးကြောင်း သတင်းရသည်။ မြန်မာနိုင်ငံ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့များ၌ နိုဝင်ဘာ ၂၅ ရက်မှ ၂၉ ရက်နေ့အထိ သင်တန်းပေး ခဲ့ကြောင်း မြန်မာ့ အလင်း သတင်းစာတွင် ဖော်ပြထားသည်။ ယင်းသင်တန်းတွင် နယ်မြေအတွင်း စောင့်ကြပ်ကြည့်ရှုခြင်း၊ ရှာဖွေသိမ်း ဆည်း ခြင်းများ အပါအဝင် စီမံချက် ရေးဆွဲဆောင်ရွက်ခြင်းများ ပါဝင်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။