မြန်မာနိုင်ငံတွင် ဥရောပ သမဂ္ဂ (EU) ၏ ယူရို ၄ ဒသမ ၈၅ သန်း ထောက်ပံ့ကူညီမည့် “Non State Actors and Local Authorities in Development” ဖွံ့ဖြိုးရေးဆိုင်ရာ စီမံချက်အတွက် အဆိုပြုလွှာများ တင်သွင်းရန် ခေါ်ဆိုထားသည်။ စီမံချက် အဆိုပြုလွှာ ခေါ်ဆိုမှုနှင့် ပတ်သက်၍ ရန်ကုန်မြို့၌ ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ရှင်းလင်းပွဲ ကျင်းပမည် ဖြစ်ကြောင်း ယနေ့ထုတ် The Commerce စီးပွားရေး သတင်းဂျာနယ်တွင် ဖော်ပြထားသည်။ ရှင်းလင်းပွဲ တက်ရောက်လိုသူများသည် ဒီဇင်ဘာ ၄ ရက်နေ့ နောက်ဆုံးထား၍ မြန်မာနိုင်ငံရှိ EU ကိုယ်စားလှယ်ရုံး (Email: [email protected]. လည်းကောင်း၊ ဖုန်းနံပတ် +95(0)12305548 – 53 /1537823/ 1537964 သို့လည်းကောင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။