အမေရိကန် အခြေစိုက် ရဟတ်ယာဉ် ကုမ္ပဏီ ဖြစ်သည့် Robinson Helicopter ကုမ္ပဏီသည် မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီး သံလျင်မြို့နှင့် မှော်ဘီမြို့နယ်များတွင် ရဟတ်ယာဉ်ထုတ်လုပ်မည့် စက်ရုံများတည်ဆောက် မည်ဖြစ်ကြောင်း ယနေ့ထုတ် ရန်ကုန် တိုင်းမ် သတင်းစာ၌ ဖော်ပြထားသည်။ ရှေးဦးစွာ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြေင်း၊ ထို့နောက် မိတ်ဆက် ပြပွဲများ ပြုလုပ်ပြီး အရောင်းပြခန်းများ ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။ ထိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံတို့၌ အရောင်းပြခန်းများ ဖွင့်လှစ်ထားပြီး ထိုင်းနိုင်ငံတွင် တည်ဆောက်ထားသည့် စက်ရုံမှ ရဟတ်ယာဉ်များ ထုတ် လုပ်လျက်ရှိကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။