မင်းသားကြီး မလုပ်ရသဖြင့် ပတ်မကြီး ထိုးဖောက်သည့် နိမ့်ကျသောစိတ်ဓာတ်များ ဖျောက်ဖျက်ရန်လိုသည်ဟု သမ္မတ ဦးသိန်းစိန် က သတိပေး ပြောကြားလိုက်သည်။ မိမိတို့သည် ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်း၊ အခြားသူများ၏ အောင်မြင်မှုကို အသိအမှတ်မပြုလိုခြင်း၊ ဘုံအကျိုးစီးပွားပေါ်တွင် ပူးပေါင်းဆောင်ရွက်ရမည့် အစား ကိုယ်ကျိုးစီးပွားကို ဦးစားပေးခြင်း စသည့် စိတ်ဓာတ်များ ပြင်ဆင်ရန်လိုကြောင်း ဧရာဝတီတိုင်း ဒေသကြီး ကျောင်းကုန်းမြို့နယ် ငွေဆောင်မြို့နယ်ခွဲရှိ အောင်မင်္ဂလာ အဆင့်မြင့် စံပြ လယ် ယာ ဧက ၁၀၀ ကို သွားရောက်ကြည့်ရှုပြီး ဒေသခံ လယ်သမားများနှင့်တွေ့ဆုံရာတွင် ပြောကြားခြင်း ဖြစ်သည်ဟု ယနေ့ ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။