သတင်းတို

ရန်ကုန် ပုဇွန်တောင် ရေကျော်ဈေးကို အဆင့်မြှင့် တည်ဆောက်မည်

This article has been converted from Zawgyi One to Unicode

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ သက်တမ်း ၈၉ နှစ်ခန့်ရှိသော ရေကျော်ဈေးကြီးကို အဆင့်မြင့်ကွန်ဒို ရှစ်ထပ်ပါဝင်သည့် ဈေးကြီး အဖြစ် အဆင့်မြှင့်တည်ဆောက်မည် ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။ အဆင့်မြှင့် တည်ဆောက်ရာတွင် လူနေတိုက်ခန်းများ၊ ကုမ္ပဏီရုံးခန်းများ၊ အားကစား လေ့ကျင့်ရေး ခန်းများ၊ ယာဉ်ရပ်နားရန် နေရာများနှင့် ဓာတ်လှေကား ၂ စင်းလည်း ပါဝင်မည် ဖြစ်ကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းများကို အောင်မြင်ပြည့်စုံ ကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်မည်ဖြစ်ကြေင်း သိရသည်။

Loading