မြန်မာအစိုးရနှင့် ကုလသမဂ္ဂအကြား ကလေးစစ်သား ပပျောက်ရေး ပူးပေါင်း ဆောင်ရွရန် နားလည်မှု ရရှိထားပြီး နောက်ပိုင်းတွင် လည်း ကလေးစစ်သား စုဆောင်းမှုများ ရှိနေဆဲဖြစ်ကြောင်း ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ်(ILO)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ် စားလှယ် Steve Marshall က ပြောဆိုကြောင်း VOA သတင်းတရပ်တွင် ဖော်ပြထားသည်။ ကလေးစစ်သား စုဆောင်းရာတွင် ပါဝင်ပတ်သက် နေသည့် ပွဲစားများ၊ စစ်တပ်က တာဝန်ရှိသူများကို ထိထိရောက်ရောက် အရေးယူမှု မရှိသည့်အတွက် ကလေး စစ်သား စုဆောင်းမှု တိုက်ဖျက်ရေး မအောင်မြင်ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။