၂၀၁၃ ခုနှစ် ဧပြီလမှ စ၍ မြို့ပြ နှင့် ကာကွယ်ရေး ပင်စင်စား ဦးရေ ၅၇၁၆၄၆ ဦးကို အစိုးရက လစာတိုးမြှင့်ခွင့်ပြု ကျပ် ၂၀၀၀၀ ထုတ်ပေးလျက် ရှိကြောင်း သိရသည်။ မြန်မာ့စီးပွားရေး ဘဏ်များ၌ ပင်စင်လစာ ထုတ်ယူရန် ၁၀၉၆၄၁ ဦး ကျန်ရှိနေသဖြင့် ကာကွယ်ရေး ပင်စင်စားများသည် သက်ဆိုင်ရာ ကာကွယ်ရေး ငွေစာရင်း ရုံးခွဲများသို့လည်းကောင်း၊ မြို့ပြပင်စင်စားများသည် ပင်စင်ဦးစီးဌာ ရုံးချုပ်သို့လည်းကောင်း ဆက်သွယ် သတင်းပို့ရန် ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပင်စင်ဦးစီးဌနက အသိပေး ကြေညာထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။