မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီနှင့် မွန်ဒီမိုကရေစီပါတီ ၂ ခု ပေါင်းစည်းပြီး ပါတီအမည်သစ်နှင့် ပါတီခေါင်းဆောင်များ ရွေးချယ် ပွဲကို ဒီဇင်ဘာ ၈ ရက်နေ့တွင် မော်လမြိုင်မြို့ရှိ ဓာတုမာလာကျောင်း၌ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ ပေါင်းစည်းရေး ကော် မတီကို တပါတီစီမှ ကိုယ်စားလှယ် ၁၅ ဦးစီ ဖြင့် ဖွဲ့စည်းကြောင်း၊ ပေါင်းစည်းရေး ကော်မတီ၏ ခေါင်းဆောင် နေရာကိုလည်း ဦးနိုင်ငွေသိန်းနှင့် နိုင်တင်မောင်တို့ကို ရွေးချယ်ထားကြောင်း ယနေ့ထုတ် ရန်ကုန်တိုင်းမ် သတင်းစာတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။