၂၀၁၃ ခုနှစ်အတွင်း Miss Universe အလှမယ် ပြိုင်ပွဲ အပါအဝင် ပြိုင်ပွဲ ၆ ခု ကျင်းပခဲ့ပြီး၊ ပါဝင်ယှဉ်ပြိုင်သူ အလှမယ် ၅၈၅ ဦးမှ အလှဆုံး ၁၀၀ ရွေးချယ်ရာတွင် မြန်မာနိုင်ငံမှ အလှမယ် ခင်ဝင့်ဝါ ပါဝင်ကြောင်း ဂျာမနီ အခြေစိုက် The Ideal Beauty ဝက်ဘ် ဆိုက်တွင် ဖော်ပြထားသည်။ ယင်း အလှမယ် ၁၀၀ ထဲမှ ၁ ဦးရွေးချယ်ပြီး စိန်ဖြင့်ပြုလုပ်ထားသည့် ဆုတံဆိပ် ချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။၂၀၁၂ ခုနှစ် အတွက် တရုတ်နိုင်ငံမှ Zhang Zilin က ပထမ ရရှိခဲ့သည်။ The Ideal Beauty ကို ၂၀၀၇ ခုနှစ်တွင် စတင်ခဲ့ခြင်း ဖြစ်ပြီး ၂၀၀၉ ခုနှစ်တွင် တရားဝင် အဖွဲ့အစည်း ဖြစ်လာကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။