ရန်ကုန်မြို့ပြ အဆင့် စနစ်တကျ ရှိစေရေး အတွက် မြေအသုံးချ ဇုန်သတ်မှတ်ခြင်းနှင့် အဆောက်အအုံ အမြင့် သတ်မှတ်ခြင်းများကို မြို့တော်စည်ပင်သာယာရေး ကော်မတီက ဦးစီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့လယ်ရှိ ဆိပ်ကမ်း၊ ကြည့်မြင်တိုင်၊ အလုံ၊ ဒဂုံ၊ ဗဟန်း၊ တာမွေ အပါအဝင် မြို့နယ် ၁၈ ခုတွင် ဇုန်သတ်မှတ် သွားမည် ဖြစ်ကြောင်း၊ ရှေးဟောင်း အဆောက်အအုံ နည်းပါးသည့် ရန်ကုန်မြို့မြောက်ပိုင်း မြို့နယ်များတွင် အဆောက်အအုံများ ဆောက်လုပ်ခွင့် ပြုမည် ဖြစ်ကြောင်း ရန်ကုန် Heritage Trust အဖွဲ့မှ ဒါရိုက်တာ၏ ပြောကြားချက်ကို ဘီဘီစီ သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။