သတင်းတို

ဒေါက်တာ သန့်မြင့်ဦး Leading Global Thinkers စာရင်းဝင်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

သမိုင်းပညာရှင်နှင့်  Yangon Heritage Trust ၏ ဥက္ကဌဖြစ်သူ ဒေါက်တာ သန့်မြင့်ဦးသည် ကမ္ဘာကျော် Foreign Policy မဂ္ဂဇင်းကြီးက ယခုနှစ်အတွက် ထုတ်ပြန်သည့် Leading Global Thinkers စာရင်းတွင် ထည့်သွင်းဖော်ပြခံရကြောင်း သိရသည်။ ဒေါက်တာ သန့်မြင့်ဦးသည် ရန်ကုန်မြို့ပြ စီမံကိန်း ရေးဆွဲခြင်း၊ မြို့ပြ အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ခြင်း လုပ်ငန်းများကို အများပြည်သူ သိမြင်အောင် ကြိုးပမ်း လုပ်ဆောင်မှုများ ကြောင့် ဖြစ်ကြောင်း သိရှိရသည်။ Foreign Policy မဂ္ဂဇင်းကြီးသည် ကမ္ဘာ့ထိပ်တန်း တွေးခေါ်သူများ စာရင်းကို ၂၀၀၅ ခုနှစ်တွင် စတင် ထုတ်ပြန်လာခြင်း ဖြစ်ပြီး ယမန်နှစ်က ထုတ်ပြန်သော နံပတ် (၁) နေရာကို သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲ ရရှိခဲ့ကြောင်း၊ ယခုနှစ် စာရင်းတွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်၊ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် Amazon.com ထူထောင်သူ ဂျက်ဇ်ဘီဖော့စ်တို့လည်း ပါဝင်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading