ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်၏ လိုလားချက်သည် စည်းကမ်းရှိသည့် ဒီမိုကရေစီ နိုင်ငံဖြစ်ကြောင်း၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်းပြီး သာယာ တိုးတက်သည့် တိုင်းပြည်ဖြစ်ချင်ကြောင်း၊ တပ်မတော်က မရ ရအောင် ထိန်းကျောင်း တင်ပေးနေကြောင်း ပြောဆိုလိုက်သည်။ တပ်မတော်အစိုးရ အုပ်ချုပ်ခဲ့စဉ်က ရခိုင်ပြည်နယ် အတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် တက္ကသိုလ်များ ဆောက်လုပ်ပေးခဲ့ပြီး ယခုအချိန်တွင် ရှေ့ဆက်ကောင်းမွန်အောင် လုပ်ဆောင်ဖို့ လိုအပ်ကြောင်း ဒီဇင်ဘာ ၃ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ၊ ပြည်နယ်အစိုးရ အဖွဲ့ရုံးတွင် ဒေသခံများကို ပြောဆိုသည်ဟု သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။