• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Ethnic Issues

ကချင်ပြည်မှာ ဦးတေဇ လုပ်သမျှ KIA စောင့်ကြည့်နေ

by လင်းသန့်
5 December 2013
in Ethnic Issues
A A
ကချင်, ဦးတေဇ, ပူတာအို, တိုင်းရင်းသား, KIA, ဂွမ်မော်

ကချင်ပြည်မှာ ဦးတေဇ လုပ်သမျှ KIA စောင့်ကြည့်နေတယ်ဟု ဦးတေဇနှင့် တွေ့စဉ် ကချင် ဗိုလ်ချုပ် ဂွမ်မော်က ပြောဆိုခဲ့သည် (ဓာတ်ပုံ- ဦးတေဇ Facebook မှ)

10.4k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှု အကြီးအကျယ်လုပ်ဆောင်နေသည့် ဦးတေဇအား ဒေသခံ လူထုအကျိုး၊ က ချင်ပြည်နယ်အကျိုးများနှင့်ပါတ်သက်၍ စေတနာ ထားလုပ်ဆောင်ခြင်းများ ရှိ၊ မရှိ KIA က စောင့်ကြည့်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် ဒု စစ်ဦးစီး ချုပ် ဗိုလ်ချုပ် ဂွမ်မော်က ပြောဆိုလိုက်သည်။

ထို့အပြင် ကချင်ပြည်နယ်အတွင်း အစိုးရတပ်နှင့် KIA တို့အကြား တိုက်ပွဲများ ပြင်းထန်နေချိန် အစိုးရစစ်တပ်အား ငွေကြေးနှင့် အခြားလှူဒါန်းမှု၊ စိတ်ဓာတ်ရေးရာ အားပေးကူညီမှုများ လုပ်ဆောင်ခဲ့ခြင်းအပေါ် မနှစ်သက်ကြောင်း ရန်ကုန် ခရီးစဉ်အတွင်း ဦးတေဇနှင့် တွေ့စဉ် ကချင် ဗိုလ်ချုပ် ဂွမ်မော်က ပြောဆိုသည်ဟု သိရသည်။

RelatedPosts

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

22 May 2025
831
မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

22 May 2025
40
မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

21 May 2025
243

“သူ့အနေနဲ့ အစိုးရက တာဝန်ပေးလို့ မြန်မာ့တပ်မတော်ကို တစုံတရာ နည်းပညာတို့ လက်နက်တို့ ရှာပေးတာ ကိစ္စက နိုင်ငံတော်တခုလုံးနဲ့ ဆိုင်တဲ့ ကိစ္စ၊ ဒါက ကျနော်တို့ဘက်က နားလည်နိုင်တယ်။ သို့သော်လည်းပဲ ကချင်ပြည်နယ်ကို တက်လာတဲ့ စစ်ကြောင်းတွေကို တိုက်ရိုက် အကူအညီပေးတာမျိုးတော့ ကျနော်တို့ လက်မခံနိုင်ဘူးလို့ ဒါ အတိအကျ ကျနော် ဒီလိုပဲ ပြောထားပြီး ဖြစ်ပါတယ်” ဗိုလ်ချုပ် ဂွမ်မော်က ဧရာဝတီနှင့် သီးသန့် အင်တာဗျူးတွင် ပြောဆိုသည်။

ဗိုလ်ချုပ် ဂွမ်မော်က ဦးတေဇနှင့် ရန်ကုန်ခရီးစဉ်အတွင်းတွေ့ဆုံခြင်းမှာ ပထမဆုံး အကြိမ်မဟုတ်ကြောင်း၊ ကချင်ပြည် နယ်တွင်း ရင်းနှီးမြှုပ်နှံမှုလုပ်သည့် လုပ်ငန်းရှင်တဦးအား KIA မှ ကချင်ပြည်နယ်သားများ၏ အကျိုးအတွက် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ဦးတေဇထံမှ ကချင်ပြည်နယ်တွင်း မည်သည့် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်နေသည်ကို အချက်အလက်များ တောင်းဆိုထားခဲ့ကြောင်းလည်း ဗိုလ်ချုပ်ဂွမ်မော်က ဧရာဝတီကို ရှင်းပြသည်။

“ကျနော်တို့က လူထုအကျိုးမှာ ဘယ်လောက်ထိ ထိခိုက်မလဲ၊ ပြီးရင် ကျနော်တို့က ဘာတွေ ပြောသင့်သလဲ ဆိုတာ ဆက်ပြီး သူနဲ့ ဆွေးနွေးဖို့ လိုပါတယ်။ လုပ်ငန်းရှင် တယောက်အနေနဲ့ လူထုရဲ့ အကျိုး၊ ပြည်နယ်ရဲ့ အကျိုးကို တကယ် စေတနာ မှန်မှန်ကန်ကန်နဲ့ လုပ်ပေးနိုင်မယ့် လုပ်ငန်းရှင်များဆိုရင် ကျနော်တို့က ဖိတ်ခေါ်မယ်။ အားပေးမယ်။ သို့သော်လည်းပဲ လူထုရဲ့ အကျိုးကို ထိခိုက်မယ်ဆိုရင် ကျနော်တို့က ပွင့်ပွင့်လင်းလင်း ပြောရမှာ ဖြစ်ပါတယ်”ဟု ဆိုသည်။

ဗိုလ်ချုပ် ဂွမ်မော်က ဆက်လက်ပြီး “ကျနော်တို့ ကြားသိရတဲ့ တချို့ သတင်းတွေကလည်း ဥပမာ ပူတာအိုဒေသမှာ သူက နေရာတွေ အများကြီး ယူထားတယ်လို့ ပြောတယ်။ သို့သော်လည်းပဲ တကယ် သူ ယူထားသလား၊ မယူထား ဘူးလား ဆိုတာ ကျနော်တို့က ကာယကံရှင်ကို မေးဖို့ လိုပါတယ်”ဟု ဆိုသည်။

ပူတာအိုဒေသအပါအဝင် ကချင်ပြည်နယ်တွင်း ဦးတေဇသည် ရွှေ၊ ကြေးနီ အပါအဝင် သတ္တုတူးဖော်ရေးလုပ်ငန်းများ၊ Resort အပါအဝင် နိုင်ငံခြားခရီးသွားများအား ဆွဲဆောင်သည့် အခြား လုပ်ငန်းများ၊ သစ်ထုတ်လုပ်ရေးနှင့် သယံဇာတ လုပ်ငန်းတချို့ကိုလည်း လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောဆိုနေကြသည်။

၎င်း၏ ရင်းနှီးမြှုပ်နှံမှုကိစ္စများနှင့်ပတ်သက်၍ ဒေသခံပြည်သူများ ကို ကျယ်ကျယ်ပြန့်ပြန့် အသိပေးခြင်းမျိုး မရှိကြောင်း၊ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လူမှု ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အတွက် အားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရေးသည်လည်း အရေးကြီးကြောင်း ဗိုလ်ချုပ် ဂွမ်မော်က ပြောသည်။

“ဒီဒေသမှာ ရှိတဲ့ လူထုနဲ့ အတူလက်တွဲပြီး လုပ်ရမှာပါ။ တကယ်ပဲ သူ လူထုအကျိုးအတွက် ပြည်နယ် အကျိုးအတွက် တကယ် စေတနာမှန်မှန်နဲ့ လုပ်မယ်၊ လက်ခံလို့ရတဲ့အချိန်ရောက်ရင် ပြည်သူကလည်း လက်ခံမှာပါ။ ဒါပေမယ့် အဲဒီလို မဟုတ်ပဲနဲ့ မမှန်ကန်တဲ့ နည်းလမ်းနဲ့ လုပ်မယ်ဆိုရင်တော့ လူထုက လက်ခံမှာ မဟုတ်ဘူး”ဟု ဆိုသည်။

ဆက်လက်ပြီး သူက “တကယ်ပဲ ပူတာအို လူထု တခုလုံးနဲ့ ကချင်တိုင်းရင်းသားအားလုံး အတွက်လား၊ မဟုတ်ရင် သူ့ရဲ့ ကိုယ်ကျိုး စီးပွားလား၊ မဟုတ်ရင် လူတစုကိုပဲ ဖဲ့ပြီး စည်းရုံးနေသလားဆိုတာ KIO ကတော့ အမြဲတမ်း စောင့်ကြည့် နေတာဖြစ်ပါတယ်”ဟု ပြောသည်။

“သူ သတ္တု တူးဖော်ရေးတွေလို လုပ်နေတာရှိတယ်။ ရွှေတူးတာရှိတယ်။ ပြီးတော့ ကြေးနီမိုင်းလေးတွေ အသေးစား ပေါ့။ ကြေးနီးကတော့ သိပ်များ များတော့ မဟုတ်ဘူး။ အဲဒါလုပ်တယ်။ နောက် သစ်တောလုပ်ငန်းတွေ လုပ်တယ်။ ပြီးရင် အခု သူပြောတာကတော့ အခု ပူတာအိုဒေသမှာသူက သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သူလုပ်မယ်လို့ ပြောတယ်။ အဲတော့ သူပြောတဲ့ ဟာနဲ့ လုပ်တဲ့ဟာ ကိုက်ညီမှု ရှိ၊ မရှိ ကျနော်တို့ သိဖို့ လိုအပ်တယ်”ဟုလည်း ဗိုလ်ချုပ် ဂွမ်မော်က ဆိုသည်။

သို့သော် အမည်မဖော်လိုသူ KIO အကြီးတန်း အရာရှိတဦးက ဦးတေဇ၏ ကချင်ပြည်နယ်တွင်း စီးပွားရေး လုပ် ငန်းများသည် ကချင်ပြည်နယ် ဒေသခံများ၏ အကျိုး စီးပွားအတွက် မဟုတ်ပဲ ကိုယ်ကျိုးနှင့် မြန်မာ စစ်ခေါင်းဆောင် တချို့ ၏ အကျိုးအတွက ်လုပ်ဆောင်နေသူဖြစ်၍ “ရန်သူတော်”အဖြစ် သတ်မှတ်ကြောင်း ပြောဆိုထားသည်။

KIO အနေဖြင့် ကချင်ပြည်နယ်တွင်း ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်မှုကိစ္စနှင့် ပတ်သက်ပြီး ယခင်က မြစ်ဆုံစီမံကိန်း လုပ်ဆောင်ခဲ့သည့် တရုတ်နိုင်ငံကိုပင် ကန့်ကွက်စာပို့ခဲ့ကြောင်း ဗိုလ်ချုပ် ဂွမ်မော်က ဧရာဝတီကို ပြောသည်။

“မြစ်ဆုံကိစ္စက မြစ်ဆုံစီမံကိန်း စပြီး သတင်းစာမှာ ပါလာကတည်းက ကျနော်တို့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဆီကို ဦးတည်ပြီး စာရေးထားသလို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတဆီကိုလည်း ကျနော်တို့က စာရေးထားပြီးသား ဖြစ် တယ်။ ဒီ မြစ်ဆုံဒေသဟာ သမိုင်းကြောင်း အရရော လူထုရဲ့ စိတ်ထဲမှာရော စွဲမြဲနေတဲ့ကိစ္စ၊ ဖျောက်ဖျက်လို့ မရတဲ့ ကိစ္စ ဖြစ်တယ်။ ပြီးရင် တနိုင်ငံလုံးရဲ့ အသက်သွေးကြောဖြစ်တယ်။ ဒါကြောင့်မို့လို့ မြစ်ဆုံဒေသမှာ ဒီဆည် မလုပ်ဖို့ ကျနော်တို့က ကန့်ကွက်ထားပြီးဖြစ်ပါတယ်။ ဒီကနေ့ထိလည်း ဒီ အယူအဆက ဆက်ပြီး ကျနော်တို့က ထားနေတုန်း ပါ ပဲ”ဟု ပြောသည်။

သို့သော် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်မြေဆက်စပ်နေသည့် အိမ်နီးချင်းနိုင်ငံကြီးဖြစ်သကဲ့သို့ ၎င်း၏ အကျိုး စီးပွားအတွက် မြန်မာအစိုးရစစ်တပ်နှင့် KIA တို့အကြားတိုက်ပွဲများ ဖြစ်ပွားနေမှုကို ရပ်တန့်စေရေး ပြောဆိုတိုက်တွန်း မှုများ ရှိကြောင်းလည်း သိရသည်။

“သူ့ရဲ့ နယ်စပ်ပြဿနာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကေအိုင်အိုကို တိုက်ပွဲတွေ ချုပ်ငြိမ်းအောင်လုပ်ဖို့ တိုက်တွန်းသ လို မြန်မာအစိုးရကိုလည်း တိုက်တွန်းတာ ရှိတယ်” ဟု ဗိုလ်ချုပ် ဂွမ်မော်က ဆိုသည်။

တရုတ်နိုင်ငံသည် မြန်မာအစိုးရနှင့် တရုတ်နယ်စပ် အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး ပြောဆိုမှုများတွင် နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေခြင်းလည်း ရှိနေသည်။

“ဒီဟာကတော့ တရုတ်နိုင်ငံရဲ့ Interest ပေါ့။ အရေးကြီးပါတယ်။ ဥပမာ တရုတ်နိုင်ငံဟာ နယ်နိမိတ်ချင်း ဆက်စပ် နေတယ်။ အခု အများအားဖြင့် တိုက်ပွဲတွေ ဖြစ်နေတာက တရုတ်နယ်စပ်မှာ ဖြစ်နေတယ်။ အဲတော့ ကျနော်တို့ဘက်မှာ တိုက်ပွဲတွေဖြစ်နေလို့ရှိရင် သူတို့ဘက်ကိုလည်း ပြဿနာတွေအများကြီး ရောက်တယ်”ဟု ဗိုလ်ချုပ် ဂွမ်မော်က ပြောဆိုသည်။

Your Thoughts …
လင်းသန့်

လင်းသန့်

Contributor

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
အရပ်ဖက်အဖွဲ့အစည်း, ငြိမ်းချမ်းရေး

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၌ ပြည်သူတရပ်လုံး ပါဝင်ခွင့်ရရေး အရပ်ဖက်အဖွဲ့များ တောင်းဆိုမည်

စာအုပ်အညွှန်း, ဒေါ်အောင်ဆန်းစုကြည်, ဂျပန်, ဘာသာပြန်, မသီတာ (စမ်းချောင်း)

အောင်ဆန်းစုကြည် အတွက် နိုရီကို၏ စာတစောင်

Please login to join discussion
No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.6k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

6 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0
  • ကာတာ လေယာဉ်လက်ဆောင် ထရမ့်ကို အမေရိကန်ဥပဒေ ခွင့်ပြု မပြု

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate