၂၀၁၄ ခုနှစ်မှစတင်ပြီး နိုင်ငံခြားဘဏ်တချို့ကို ပြည်တွင်းဘဏ်များနှင့် ဖက်စပ်ပြီး ဘဏ္ဍာရေးဝန်ဆောင်မှု လုပ်ငန်းများ၌ အကန့်အသတ်ဖြင့် လုပ်ကိုင်ခွင့် ပြုမည်ဖြစ်ကြောင်း ရိုက်တာသတင်းတရပ်တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ်ပေါင်း ၃၄ ခုမှ ဘဏ်ကိုယ်စားလှယ်ရုံးများ လာရောက် ဖွင့်လှစ်ထားသော်လည်း ဘဏ္ဍာရေးဝန်ဆောင်မှု ပေးခြင်း၊ ဘဏ်ခွဲများ ဖွင့်လှစ်ခြင်း မရှိကြသေးပေ။ ယင်းဘဏ်များ ကိုယ်ပိုင်ဘဏ်ခွဲများ ဖွင့်လှစ်ခွင့် မရသေးမီ ပြည်တွင်းဘဏ်များနှင့် ဖက်စပ်လုပ်ကိုင်ခွင့်ပေးရေး စီစဉ်ထားသည်ဟု အဆိုပါသတင်းတွင် ဖော်ပြပါရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။