တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလား (အသက် ၉၅ နှစ်) သည် ဂျိုဟန်နက်စ်ဘတ်မြို့ နေအိမ်တွင် ယမန်နေ့က ကွယ်လွန်သွားသည်။ နယ်လ်ဆင် မန်ဒဲလားကို ၁၉၁၈ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် မွေးဖွားခဲ့သည်။ တောင်အာဖရိကတွင် အသားအရောင် ခွဲခြားမှုကို ဦးဆောင်တိုက်ပွဲ ဝင်ခဲ့သူဖြစ်ပြီး ပထမဆုံး လူမည်းသမ္မတအဖြစ် ၁၉၉၄ မှ ၁၉၉၉ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ မစ္စတာ မန်ဒဲလား၏ လုပ်ဆောင်မှုများဖြစ်သည့် လူ့ဂုဏ်သိက္ခာ၊ တန်းတူညီမျှရေး၊ လွတ်လပ်ရေးအတွက် ကိုယ်ကျိုးစွန့် တိုက်ပွဲလုပ်ရပ်များသည် ကမ္ဘာတဝှမ်းရှိ လူအများအပေါ် သြဇာလွှမ်းနိုင်ခဲ့သည်ဟု ကုသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။