တိုင်းရင်းသား လက်နက်ကိုင်များ၏ ဒုတိယအကြိမ်မြောက် ညီလာခံကို ဒီဇင် ၁၈ မှ ၂၀ ရက်အထိ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့ KNU ထိန်းချုပ်နယ်မြေ၌ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ တိုင်းရင်းသား လက်နက်ကိုင်များ ပထမအကြိမ်ပြုလုပ်ခဲ့သည့် လိုင်ဇာညီလာခံတွင် တက်ရောက်လာခြင်း မရှိခဲ့သည့် “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) နှင့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA) တို့ကို ညီလာခံတက်ရောက်ရေး ဖိတ်ကြားသွားမည် ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။