မိကျောင်းကန် သပိတ်စခန်း ပြဿနာအား “ဒေါ်အောင်ဆန်းစုကြည်မှ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့၍ ဥပဒေအရ အမြန်ဆုံး ဖြေရှင်းပေးပါ” ဟု စာတန်းချိတ်ဆွဲကာ တောင်းဆိုလာကြောင်း သိရသည်။ ၁၉၉၁ ခုနှစ်တွင် စစ်တပ်က သိမ်းယူထားသည့် ဘိုးဘွားပိုင်မြေများ ပြန်လည် ရရှိရေးအတွက် ဒေသခံများက သပိတ်စခန်းဖွင့် တောင်းဆိုနေခြင်း ဖြစ်သည်။ မိကျောင်းကန် သပိတ်စခန်းကို ဒီဇင်ဘာ ၉ ရက်နေ့ ညနေ ၆ နာရီ နောက်ဆုံးထား ဖယ်ရှားပေးရန် တပ်မြို့ စည်ပင်သာယာရေး အဖွဲ့ရုံးမှ အသိပေးထားသော်လည်း တောင်းဆိုမှုများ အရှိန်မြင့်လာကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။