မရမ်းကုန်းမြို့နယ်၊ (၈)ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် ဂန္ဓမာလမ်းထောင့်ရှိ ဂန္ဓမာ ဟိုဆေးကုန်တိုက်တွင် မီးလောင်မှုကြောင့် လူ ၇ ဦးသေဆုံးကြောင်း ရဲတပ်ဖွဲ့၏ ဖေ့စ်ဘုတ်စာမျက်နှာ၏ ဖော်ပြချက်အရ သိရသည်။ မီးလောင်မှုသည် ကုန်တိုက် အပေါ်ဆုံးထပ်ရှိ Venus Garden Spa အလှပြင်ဆိုင် လျှပ်စစ်မီးပူအား မီးပလပ်ထိုးထားရာမှ အပူချိန်လွန်ကဲကာ မီးစတင် လောင်ကျွမ်းခြင်းဖြစ်ပြီး ဆိုင်အတွင်းရှိ ကျား ၃ ဦး၊ မ ၂ ဦး၊ ကျား/မခွဲမရ ၂ ဦး၊ စုစုပေါင်း ၇ ဦးသေဆုံးခဲ့ပြီး တန်ဖိုးငွေကျပ် ၅၆ သိန်းကျော် ဆုံးရှုံးခဲ့ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြပါရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။