ရခိုင်အမျိုးသား ညီလာခံကို လာမည့် ၂၀၁၄ ခုနှစ် ဧပြီလအတွင်း ကျောက်ဖြူ သို့မဟုတ် တောင်ကုတ်မြို့တွင် ကျင်းပရန် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။ အဆိုပါ ညီလာခံ ကျင်းပနိုင်ရေး အကြိုညှိနှိုင်း ဆွေးနွေးပွဲတခုကို ရခိုင် နိုင်ငံရေး ပါတီများနှင့် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဒီဇင်ဘာ ၅ မှ ၇ ရက်အထိ ကျင်းပခဲ့ပြီး အစိုးရနှင့် ဆက်သွယ်ဆောင်ရွက်မည့် ၁၅ ဦးပါ ကော်မတီတရပ် ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဘီဘီစီ သတင်းဖော်ပြချက် အရ သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။