ကာတာနိုင်ငံ ဒိုဟာမြို့တွင် ကျင်းပနေသော World Innovation Summit for Health ကမ္ဘာ့ကျန်းမာရေး ဆိုင်ရာ ထိပ်သီးညီလာခံသို့ တက်ရောက်နေသည့် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရသူများအတွက် စိတ်ပိုင်းဆိုင်ရာ အကူအညီ ပေးရန် လိုအပ်နေကြောင်း ယမန်နေ့က ပြောဆိုလိုက်သည်။ မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်ချက်များနှင့် ပတ်သက်၍ လူတဦးအတွက် စိတ်ပိုင်းနှင့် ရုပ်ပိုင်း နှစ်ခုစလုံးကို တပြိုင်တည်း ကြည့်ရှုစောင့်ရှောက်မှု ပေးရမည် ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။