မြန်မာ အစိုးရက နိုင်ငံရေး အကျဉ်းသား ၄၄ ဦးကို ယမန်နေ့က လွှတ်ပေးလိုက်ခြင်း အပေါ် မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ် အိုဟေးကင်တားနားက ကြိုဆို လိုက်သည်။ ၂၀၀၈ ခုနှစ်တွင် နိုင်ငံရေး အကျဉ်းသား ၁၉၀၀ ကျော်ရှိခဲ့ရာမှ ယခုအခါ ၅၀ အောက် လျော့ကျ သွားသည်ဟု ဆိုသည်။ သမ္မတ ဦးသိန်းစိန်က ယခုနှစ် နှစ်ကုန် နောက်ဆုံးထားပြီး နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးမည်ဟု ကတိ ပေးထားသည့် အတိုင်း နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။