၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားသည် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု၏ နမူနာကောင်း ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က တရုတ် ဒုတိယဝန်ကြီးချုပ် မဒမ်လျိုယန်တုန်နှင့် ဒီဇင်ဘာ ၁၁ ရက်က တွေ့ဆုံရာတွင် ပြောဆိုခဲ့ကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာ ဖော်ပြချက်အရ သိရသည်။ နှစ်နိုင်ငံ ဆက်လက် ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေးပြီး၊ တရုတ် ဒုတိယ ဝန်ကြီးချုပ်သည် ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲသို့လည်း တက်ရောက်ခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။