မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်ရာတွင် တာဝန်ယူ တာဝန်သိသည့် ရင်းနှီးမြှုပ်နှံမှု(Responsible Investment) များ လုပ်ကြ ရန် ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) က တိုက်တွန်းလိုက် သည်။ ဒီဇင်ဘာ ၁၁ ရက်နေ့က ပြုလုပ်သည့် တရုတ်လူငယ် လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် အသင်းချုပ် တွဲဖက် အတွင်းရေးမှူး ဦးအေးလွင်က ယင်းသို့ တိုက်တွန်းခြင်းဖြစ်ပြီး ကမ္ဘာက လက်ခံထားသည့် ရင်းနှီးမြှုပ်နှံမှု စံသတ်မှတ်ချက်များနှင့် အညီ တာဝန်သိ ရင်းနှီးမြှုပ်နှံမှုများ ရှိလာရန် လိုကြောင်း၊ ယခင်ကထက် ပိုမိုကောင်းမွန်သည့် စနစ်၊ မျှတသည့် စနစ် ဖြစ်ရန်နှင့် ရေရှည် တည်တံ့ မည့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကြရန်လိုကြောင်းလည်း သတိပေး ပြောကြားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။