သတင်းတို

စားသုံးသူ မျက်နှာ ကြည့်ရန် စီးပွားကူးသန်း ဝန်ကြီး သတိပေး

This article has been converted from Zawgyi One to Unicode

စားသောက်ကုန် တင်သွင်းသည့် လုပ်ငန်းရှင်များ အနေဖြင့် စားသုံးသူ
ပြည်သူများ မျက်နှာ ကြည့်ရန် လိုကြောင်း စီးပွားရေးနှင့် ကူးသန်း
ရောင်းဝယ်ရေး ဝန်ကြီး ဦးဝင်းမြင့်က သတိပေး ပြောဆိုကြောင်း သိရသည်။
စားအုန်းဆီ တင်သွင်းသည့် လုပ်ငန်းရှင်များသည် ဓာတုဗေဒ ပစ္စည်း
ထည့်သွင်းထားသည့် ပီပါခွံများကို အသုံးပြုခြင်းကြောင့် နောက်ပိုင်း ပြဿနာ
ဖြစ်လာပါက တရားခံ ဖြစ်သွားနိုင်ကြောင်း၊ တရုတ်နိုင်ငံ မြောင်းဆီများကို
တရားမဝင် တင်သွင်း လာခြင်းမျိုး မလုပ်ကြရန် ဝန်ကြီးက ဒီဇင်ဘာ ၁၄ ရက်တွင်
ပြုလုပ်သည့် ၂၁ ကြိမ်မြောက် မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင်များ အသင်းသား
အစည်းအဝေးတွင် သတိပေး ပြောဆိုသည်။

Loading