KIA/KIO က ကချင်ပြည်နယ် မန်စီမြို့နယ်တွင် ရှမ်းနီ တိုင်းရင်းသားများကို
ဖမ်းဆီး ခေါ်ဆောင်ခြင်း လုပ်ရပ် အပေါ် ရှမ်းတိုင်းရင်းသား ၄ သောင်းကျော်က
ဒီဇင်ဘာ ၂၀ ရက်တွင် မြစ်ကြီးနားမြို့ရှိ KIA/KIO Technical Team
ရုံးရှေ့၌ ဆန္ဒ ထုတ်ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။ ဒီဇင်ဘာ ၁၁ ရက်နေ့က
မန်စီမြို့နယ် နောင်ပ၊ မောင်ဝင်းကြီး ရွာများမှ ရှမ်းနီ တိုင်းရင်းသား ၄၂
ဦး၊ ဒီဇင်ဘာ ၁၅ ရက်က ရှမ်းနီ တိုင်းရင်းသား ၁၅ ဦးကို KIA/KIO က ဖမ်းဆီး
ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။