ဂျပန် နိုင်ငံက မြန်မာ နိုင်ငံ၏ ဖွံ့ဖြိုးရေး စီမံကိန်းများ အတွက်
ယန်းငွေ ၆၃ ဒသမ ၂ ဘီလီယံ အကူအညီ ပေးမည် ဖြစ်ကြောင်း သိရသည်။ မြန်မာနှင့်
ဂျပန်အကြား ရင်းနှီးမြှုပ်နှံမှု ဖြေလျော့ရေး၊ မြှင့်တင်ရေးနှင့် အကာအကွယ်
ပေးရေး သဘောတူ စာချုပ် (Bilateral Investment Agreement – BIA) ကို
လက်မှတ် ရေးထိုးနိုင်ခဲ့သည်။ မြန်မာ နိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး
လုပ်ငန်းစဉ်များကို ဂျပန် နိုင်ငံက ထောက်ခံကြောင်း၊ ငြိမ်းချမ်းရေး
တည်ဆောက်မှု လုပ်ငန်းများတွင် ပါဝင် ကူညီ မည်ဖြစ်ကြောင်း ဂျပန်
ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက သမ္မတ ဦးသိန်းစိန်နှင့် ဒီဇင်ဘာ ၁၅ ရက်က
တွေ့ဆုံရာတွင် ပြောကြားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။