ဒေါက်တာ စင်သီယာမောင်ကို ထိုင်းနိုင်ငံရှိ Ubon Ratchathani တက္ကသိုလ်က
လာမည့် ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်
ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။ ဒေါက်တာ စင်သီယာမောင်သည် ၁၉၉၀ ခုနှစ်တွင်
မယ်တော် ဆေးခန်းကို စတင် တည်ထောင်ခဲ့သူ ဖြစ်ပြီး ကရင်ပြည်နယ်
နယ်စပ်တလျှောက် ဒုက္ခသည်များနှင့် ရွှေ့ပြောင်း အလုပ်သမားများ၏
ကျန်းမာရေးကို ကူညီစောင့်ရှောက်မှု ပေးနေသူ ဖြစ်သည်။ မယ်တော် ဆေးခန်းမှ
ရွှေ့ပြောင်း ကလေးငယ် ၃ ထောင်ကျော် မွေးဖွား ပေးနိုင်ခဲ့ပြီး ကလေးငယ် ၁
ထောင်ကျော်ကို စာသင်ကြား ပေးနေသည့် “ကလေးဖွံ့ဖြိုးရေး စင်တာ” လည်း
ဖွင့်လှစ်ထားကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။