• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တရုတ် နိုင်ငံသား ၂၃ ဦး သမ္မတ အမိန်ဖြင့် ပြည်နှင်ခံရ

by မန်းသားလေး
16 December 2013
in သတင်း
A A
တရုတ်နိုင်ငံသား ၂၃ ဦး, သမ္မတ အမိန့်, မိုးထိမိုးမိ ဒေသ, အမျိုးသား ကြီးပွား တိုးတက်ရေး ရွှေတူးဖော် ထုတ်လုပ်မှု ကုမ္ပဏီ, ရွှေလုပ်ကွက်

ရမည်းသင်းမြို့နယ် အတွင်းရှိ မိုးထိမိုးမိ ရွှေလုပ်ကွက်

5.3k
VIEWS
Share on FacebookShare on Twitter

မန္တလေး တိုင်းဒေသကြီး ရမည်းသင်းမြို့ မိုးထိမိုးမိဒေသရှိ အမျိုးသား ကြီးပွား တိုးတက်ရေး ရွှေတူးဖော် ထုတ်လုပ်မှု ကုမ္ပဏီ၏ ရွှေ လုပ်ကွက်များတွင် ခိုးဝင် လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၃ ဦးကို သမ္မတ အမိန့်ဖြင့် မန္တလေး လေဆိပ်မှတဆင့် ပြည်နှင်ပို့ဆောင် ပေးလိုက်ပြီ ဖြစ်ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်း သိရှိရသည်။

“ခိုးဝင်လာတဲ့ နိုင်ငံခြားသားတွေကို ပြည်နှင် ပို့ဆောင်တယ် ဆိုတာ သမ္မတရဲ့ အမိန့်နဲ့ပဲ လုပ်ဆောင်လို့ ရတာပါ။ ကျနော်တို့က ဖြစ်ရပ်တွေကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ဆီ တင်ရတယ်။ အဲဒီကမှ သမ္မတရုံး အဆင့်ဆင့်ပေါ့။ အခုလို ပြည်နှင်ဒဏ် ပေးခွင့်ရှိတာ သမ္မတ လက်မှတ်ပါမှ လုပ်ခွင့်ရှိတာပါ” ဟု မန္တလေးတိုင်း လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောသည်။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
1
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
21
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
218

မိုးထိမိုးမိ ဒေသရှိ ရွှေလုပ်ကွက်များကို ရရှိထားသော အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီ ပိုင်ရှင် ဦးစိုးထွန်းရှိန်သည် သမ္မတနှင့် နီးစပ် ရင်းနှီး ကျွမ်းဝင်သူ တစ်ဦး ဖြစ်သည်ဟု ၎င်းနှင့် နီးစပ်သူများထံက သိရသည်။

မိုးထိမိုးမိ ဒေသရှိ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီတွင် နည်းပညာ ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရန် အတွက် တရုတ် နိုင်ငံသား ၂၃ ဦးကို ဒေသတွင်း လုပ်ကွက်သို့ ခေါ်ယူ လုပ်ကိုင်နေခြင်းကြောင့် ဒီဇင်ဘာလ ၉ ရက်နေ့က ပြည်နှင်ပို့ဆောင် လိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်က ဖြစ်ပွားခဲ့သည့် ကုမ္ပဏီ လုပ်ကွက် အတွင်း ယမ်းဖောက်ခွဲ ရွှေတူးစဉ် အောက်ဆီဂျင် ပြတ်လပ်ပြီး တရုတ် နိုင်ငံသား ၃ ဦး ဆေးရုံတင် ကုသမှု ခံယူရာမှ တရုတ် နိုင်ငံသားများ ခိုးဝင် လုပ်ကိုင်နေသည်ကို သိရှိရခြင်း ဖြစ်သည်ဟု မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ တာဝန်ရှိသူ တဦးက ဆိုသည်။

မိုးထိမိုးမိ လုပ်ကွက် Adit (1) အတွင်း ယမ်းဖောက်ခွဲပြီး ရွှေတူးဖော်စဉ် တရုတ်နိုင်ငံသား Mr.Zhang Ongquiang၊ Mr.Liao Guotai နှင့် Mr.Zhang Denghua တို့ အောက်ဆီဂျင် ပြတ်လပ်ပြီး သတိလွတ် သွားသည့် အတွက် မိုင်းမြို့ ဆေးခန်းသို့ ပို့ဆောင်ရာ လမ်းခရီးတွင် Mr. Zhang Denghua သေဆုံး သွားကြောင်း သိရသည်။

ယင်းဖြစ်ရပ်ကြောင့် မန္တလေး တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ကုမ္ပဏီသို့ ဝင်ရောက် စစ်ဆေးရာတွင် အဆိုပါ တရုတ် နိုင်ငံသား ၃ ဦးအပြင် တခြား တရုတ် နိုင်ငံသား ၂၀ ဦးတို့ကို ထပ်မံ တွေ့ရှိရကြောင်း သိရသည်။

တရုတ် နိုင်ငံသားများအား တရားမဝင် လက်ခံသူ  လုပ်ကွက် မိုင်းတာဝန်ခံ ဦးမင်းမင်းဦးကို ၁၉၄၈ ခုနှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေး အက်ဥပဒေ အပိုဒ် ၁၄ အား ဖောက်ဖျက် ကျူးလွန်မှုဖြင့် ၁၉၄၀ ပြည့်နှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေး အက်ဥပဒေ ပုဒ်မ ၅ (၁) အရ ရမည်းသင်းမြို့နယ် တရားရုံးသို့ တရား စွဲဆို တင်ပို့ခဲ့သည်။

ပြစ်မှု ထင်ရှားသဖြင့် ဦးမင်းမင်းဦးအား ဒဏ်ငွေ ကျပ်နှစ်သိန်း ပေးဆောင်ရန် အမိန့် ချမှတ်ခဲ့ပြီး မပေးဆောင်နိုင်ပါက ထောင်ဒဏ် ၁ နှစ် ကျခံစေကြောင်း အမိန့် ချမှတ်ခဲ့ရာ ဦးမင်းမင်ဦးက ဒဏ်ငွေ ကျပ်နှစ်သိန်း ပေးဆောင်ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား ၂၃ ဦးကို ဒီဇင်ဘာလ ၆ ရက်နေ့က ၁၉၄၇ခုနှစ် လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၄(၂)/ ၂၀၁၃ အရ ရမည်းသင်းမြို့နယ် တရားရုံးက တရား စွဲဆိုခဲ့ရာ ပြစ်မှု ထင်ရှားသဖြင့် ငွေကျပ်နှစ်သိန်း ပေးဆောင် စေခဲ့ပြီး ဖြစ်သည်။

မိုးထိမိုးမိ ရွှေလုပ်ကွက်များတွင် ရွှေလုပ်သားများနှင့် အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီ၏ ရွှေလုပ်ကွက် ပိုင်ဆိုင်မှုနှင့် လုပ်ကိုင်မှု အငြင်းပွားမှု များမှာ ယခုအချိန်အထိ ပြေလည်မှု မရရှိသေးပေ။

ရမည်းသင်းခရိုင် မိုးထိမိုးမိဒေသ ရွှေသတ္တု တူးဖော်ခြင်း လုပ်ငန်းကို အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီ အုပ်စုက တရားဝင်လုပ်ကိုင်ခွင့် ရရှိခဲ့ပြီး အသေးစား ရွှေထုတ်လုပ်မှု ဇုန် ၁၂ ခု အတွင်း အလုပ်သမား ၂ သိန်းကျော်ကို ၅ နှစ် သက်တမ်းဖြင့် ထွက်ရှိသည့် ရွှေဗြုန်းများအား အချိုးကျ ခွဲယူရန် ကတိရှိခဲ့သော်လည်း ၇ လအကြာ ၂၀၁၁ ဧပြီလတွင် အသေးစား ရွှေထုတ်လုပ်မှုကို ပိတ်ပင်ခဲ့သည်။

အသေးစား ရွှေထုတ်လုပ်ခွင့် ပြန်လည် ရရှိရန် ရွှေလုပ်သားများသည် ၂၀၁၁ ခု မေလ ၁ ရက်နေ့က ပထမဦးဆုံးအကြိမ် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ပြီး ဇွန်လ ၁၄ ရက်နေ့တွင် နေပြည်တော်သို့ ပထမအကြိမ် ချီတက် ဆန္ဒပြခဲ့ရာ လမ်းခုလတ်တွင် အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီက စေ့စပ်ညှိနှိုင်းခဲ့ပြီး ရွှေမြင်တင် စာချုပ်ကို ချုပ်ဆိုခဲ့ကြောင်း သိရသည်။

အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီအုပ်စုတွင် ဝေလင်းထိုက်၊ အာရှအမြုတေ၊ ဓနစမ်းရေ၊ ရွှေလမင်း၊ ရွှေညီအစ်ကို၊မြင့်မိုရ်ရွှေတောင်၊ ရဲညီနောင်၊ မြမျိုးသက်ဦး၊ နေခြည်ပွင့်၊ ကန္တာရစိမ်း၊ ရေတော်သား၊ ရွှေပုံသာ၊ B.B.K.၊ ရွှေပလောင်၊ မိုးရွှေဝါ၊ ဆွတ်မိုင်၊ ရွှေစုမိုးပြည့်နိုင် စသည့် ကုမ္ပဏီများ ပါဝင်သည်။

Your Thoughts …
Tags: ChinaEconomy
မန်းသားလေး

မန်းသားလေး

Contributor

Similar Picks:

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

by ဧရာဝတီ
23 July 2015
194.1k

ဦးအောင်သောင်း တန်ခိုးထွားစဉ်က ဆိုလျှင် ပရောဂျက်တခု ရရှိရေး အတွက် လာဘ်ငွေကို သူ့ကို သာမကသူ၏ ကိုယ်ရေး အရာရှိ နှစ်ဦးကိုပါ ပေးရသည်။ လာဘ်ပေး လာဘ်ယူ မလုပ်လိုဘဲ လမ်းရိုးလမ်းစဉ် အတိုင်း စီးပွားရေး အခွင့်အလမ်း...

ဗိုလ်ချုပ်ထွန်းမြတ်နိုင် ပြောတဲ့ တရုတ်နဲ့ဆက်ဆံရေး ( ရုပ်/သံ )

ဗိုလ်ချုပ်ထွန်းမြတ်နိုင် ပြောတဲ့ တရုတ်နဲ့ဆက်ဆံရေး ( ရုပ်/သံ )

by ဧရာဝတီ
11 September 2024
656

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ အာရက္ခတပ်တော် (AA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းဟာ အရှိန်အဟုန်မြင့်လာခဲ့ပြီး မြို့တွေကို ဆက်တိုက်သိမ်းပိုက် လာနိုင်ချိန်မှာ အိမ်နီးချင်း...

တရုတ်အစ မြန်မာကဟု လေ့လာတွေ့ရှိ

တရုတ်အစ မြန်မာကဟု လေ့လာတွေ့ရှိ

by ဧရာဝတီ
3 April 2015
75.6k

Chinese Academy of Sciences Kunming Institute of Zoology မှ သုတေသီများက တရုတ်ပြည် အနောက် တောင်ပိုင်းရှိ လူများ၏ မူရင်းဗီဇသည် မြန်မာနိုင်ငံ အတွင်းရှိ ရှေးဦး လူသားများနှင့် ဆင်တူပြီး...

မြန်မာ့အရေး နိုင်ငံတကာ လက်ပိုက်ကြည့်နေသလား (ရုပ်/သံ)

မြန်မာ့အရေး နိုင်ငံတကာ လက်ပိုက်ကြည့်နေသလား (ရုပ်/သံ)

by ဧရာဝတီ
28 September 2024
269

ရိုက်ကူး - သူရ၊ ဗိုလ်ကျန်၊ လင်းထက် တည်းဖြတ် - လင်းထက်

ပန်းဆိုးတန်းခုံးကျော်, ရွှေဂုန်ရုံ, မြို့မရုံ, သမ္မာအာဇီ, တိမွေးကု တက္ကသိုလ်

အန်တီစန်း ပန်းဆိုးတန်းမှာ အလုပ်လုပ်သည်

by မြတ်စုမွန်
22 September 2014
26.2k

၁၀ မိနစ် လောက်သာ ကြာမြင့်သည့် ခြေစွယ်ဖော်ခြင်း အလုပ်မှ လုပ်အားခ ၇ ထောင်ကျော် ရလိုက်သည်။ ဓား အသစ်ကို သုံးရန် တောင်းဆိုသဖြင့် ဓားတချောင်း ရောင်းရသည့်ငွေနှင့် ခြေစွယ် ဖော်ပေးသည့် ဝန်ဆောင်ခ နှစ်ခု...

ကမ္ဘာ့အင်တာနက်လွတ်လပ်ခွင့် အဆိုးဆုံးနိုင်ငံဖြစ်လာတဲ့ မြန်မာ (ရုပ်/သံ)

ကမ္ဘာ့အင်တာနက်လွတ်လပ်ခွင့် အဆိုးဆုံးနိုင်ငံဖြစ်လာတဲ့ မြန်မာ (ရုပ်/သံ)

by ယဉ်မွန်
19 October 2024
257

မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း တရုတ်နိုင်ငံဟာ ကမ္ဘာမှာ အင်တာနက်လွတ်လပ်ခွင့် မရှိတဲ့ အဆိုးဆုံး နိုင်ငံတွေအဖြစ် ပူးတွဲရပ်တည်နေတယ်လို့ အမေရိကန်အခြေစိုက် Freedom House အဖွဲ့က အောက်တိုဘာ ၁၆ ရက်နေ့ က ထုတ်ပြန်တဲ့ အစီရင်ခံစာက ဖော်ပြထားပါတယ်။

Next Post
ဒေါက်တာစင်သီယာမောင်, မယ်တော်ဆေးခန်း, ထိုင်းနိုင်ငံရောက်မြန်မာများ, ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့

ဒေါက်တာ စင်သီယာမောင်ကို ထိုင်းဘုရင့်သမီးတော်က ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ပေးအပ်မည်

အာမခံလုပ်ငန်း, ဘဏ္ဍာရေးဝန်ကြီးဌာန, ဒေါက်တာမောင်မောင်သိမ်း, အာမခံဈေးကွက်

မြန်မာ့ အာမခံလုပ်ငန်း တိုးတက်ဖို့ ဘဏ္ဍာရေး ဒုဝန်ကြီး ကမ္ဘာ့ထိပ်သီး ၅ နိုင်ငံသို့ သွားလေ့လာ

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.5k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate