မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး အတွက် နိုင်ငံတကာ၏ အသိအမှတ်ပြုမှု ရရှိရန် သမ္မတ ဦးသိန်းစိန် ပေးခဲ့သော ကတိ ၁၁ ရပ် သည် လိုအပ်ချက်များစွာ ရှိနေကြောင်း သိရသည်။ ယင်းကတိများကို ယမန်နှစ် က မြန်မာနိုင်ငံ သို့ လာရောက်သည့် အမေရိကန် သမ္မတ အိုဘားမား၏ ခရီးစဉ်အတွင်း ပေးခဲ့ခြင်း ဖြစ်ပြီး ကုလသမဂ္ဂ အဏုမြူအေဂျင်စီ၏ အလုံးစုံ လုံခြုံစိတ်ချ အကာအကွယ် ဖြစ် မှု သဘောတူ စာချုပ်တွင် နောက်ဆက်တွဲ သဘောတူညီမှု စာချုပ်တွင် လက်မှတ် ရေး ထိုးရေး ကတိ တခုသာ ပြည့်မြောက်ခဲ့ကြောင်း၊ ရခိုင်ပြည်နယ် အတွင်း တိကျပြတ်သားသည့် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရေးနှင့် ပဋိပက္ခဖြစ်ပွားရာ ဒေသများသို့ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီများ ရောက်ရှိခွင့်ပြုရေး လုံး၀ ပြည့်မြောက်မှု မရှိကြောင်း၊ မြောက်ကိုရီးယားမှ လက်နက် များ ဝယ်ယူမှုကို ရပ်ဆိုင်းရေး မရေရာသေးကြောင်း၊ ကျန် ကတိကဝတ်များမှာ တစိတ်တပိုင်း ပြည့်မြောက်ရုံသာ ဖြစ်ကြောင်း ပြည် တွင်း အပတ်စဉ်ထုတ် ဗီးနပ်စ် ဂျာနယ်၌ ရေးသားထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။