သတင်းတို

မိုးသီးကြွေကျသဖြင့် ရွှေဘိုတွင် လယ်ဧက ၁၀၀၀ ကျော် ပျက်စီး

This article has been converted from Zawgyi One to Unicode

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ် မင်းတုန်း၊ ညောင်ဇင် ကျေးရွာများတွင် ဒီဇင်ဘာ ၁၅ ရက်နေ့က လေပြင်းများ တိုက် ခတ်ပြီး မိုးများရွာသွန်း၍ မိုးသီးများကြွေကျခဲ့ခြင်းကြောင့် လယ်မြေဧက ၁၀၆၀ ကျော် ပျက်စီး သွားကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။ မိုးလေဝသ တိုင်းထွာချက်များအရ ယမန်နေ့ မွန်းတည့်မှ နောက် ၅ ရက်အတွင်း တပြည်လုံးတွင် မိုးရွာသွန်းမှု လျော့နည်းပြီး ဆက်လက် အအေးပိုနေနိုင်သည်ဟု ခန်းမှန်းကြောင်းလည်း ပါရှိသည်။

Loading