၂၀၁၅ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတရွေးကောက်ပွဲ ဝင်ခွင့်ပြုရန် ဥရောပသမဂ္ဂ(EU) နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးက မြန်မာအစိုးရကို တိုက်တွန်းလိုက်သည်။ ယင်း အစည်းအဝေးကို ဒီဇင်ဘာ ၁၆ ရက်က ဘယ်လ်ဂျီယန် နိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ မြန်မာသမ္မတ အပြောင်းအလဲ သည် နောက်ပြန်မလှည့်သော ပြုပြင်ပြောင်းလဲ ရေး အစစ်အမှန် ဖြစ်သည်ကို ပြသရာ အဓိကအချက်ဖြစ်ကြောင်း နှင့် လက်ရှိဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရန် လိုကြောင်း Financial Times သတင်းတရပ်၌ ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။