သတင်းတို

ရဲတပ်ဖွဲ့နှင့် ထွေ/အုပ်ကို ကျေနပ်မှု မရှိက တိုင်ကြားနိုင်

This article has been converted from Zawgyi One to Unicode

ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ရဲတပ်ဖွဲ့ အပေါ် ကျေနပ်မှု မရှိပါက နေပြည်တော် ဖုန်းနံပါတ် – ၄၁၂၂၂၂ နှင့် ၄၁၂၄၄၄ တို့ကို အချိန်မရွေး ဆက်သွယ် တိုင်ကြားနိုင်ကြောင်း ရဲမှူးချုပ် ဝင်းခေါင်၏ ပြောကြားချက်ကို ဘီဘီစီ သတင်းတရပ်၌ ဖော်ပြထားသည်။ အမည်ဖော်၍ ဖြစ်စေ၊ အမည်မဖော်ဘဲဖြစ်စေ တိုင်ကြားနိုင်ပြီး တိုင်ကြားချက်များကို ချက် ချင်း စုံစမ်းအရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

Loading